Do You Talk to Yourself? Here’s How to Harness Your Inner Voice | Ethan Kross | TED

Do You Talk to Yourself? Here’s How to Harness Your Inner Voice | Ethan Kross | TED

TED

0:00 Translator: Sanntint Tint Reviewer: sun moon

0:04 ဒီနေ့ ဆွေးနွေးချင်တာက

0:05 ခင်ဗျားတို့ နေ့စဉ် လုပ်ကြတဲ့ အရေးကြီးဆုံး စကားဝိုင်းတွေ၊

0:09 ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ စကားဝိုင်းအကြောင်းပါ။

0:11 ကျွန်တော်က Ethan Kross ပါ။

0:13 Michigan တက္ကသိုလ် Emotion and Self Control Lab ရဲ့

0:15 ဒါရိုက်တာဖြစ်ပြီး

0:17 လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး

0:18 လူတွေ စိတ်ခံစားမှုတွေကို စီမံခွဲနိုင်ပုံအကြောင်း လေ့လာခဲ့တာပါ။

0:21 ဒီအချိန်အတွင်း ကျွန်တော် သိရှိခဲ့ရတာတွေထဲက တစ်ခုက (အရာဝတ္ထု ပြတ်ကျသံ)

0:25 စိတ်ခံစားမှုတွေကို အခု စီမံနေတာပါ။

0:27 (ရယ်သံများ)

0:28 အဲဒီတုန်းက သိရှိခဲ့ရတာတွေထဲက တစ်ခုကတော့၊

0:32 စိတ်ခံစားမှုတွေကို ထိထိရောက်စွာ စီမံရာမှာ  ပါဝင်တဲ့ သော့ချက်က

0:35 ခေါင်းထဲက အသံတွေ လို့ ခေါ်တဲ့ ဒီဆန်းကြယ်တဲ့ စွမ်းအားကို

0:39 ထိန်းချုပ်အသုံးချပုံကို နားလည်တာပါ။

0:42 အခု  တချို့တွေ ကိုယ့်ကိုယ်ကိုယ် မေးနေလောက်တာကို ကျွန်တော် သိတယ်၊

0:45 “ငါတို့ခေါင်းထဲက အသံတွေလို ရှုပ်ပွပွ အကြောင်းအရာကို

0:48 ပြောနေတဲ့ လေးနက်တဲ့ သိပ္ပံပညာရှင်ဆိုတဲ့ လူက ဘာတွေ ပြောနေတာလဲ“ပေါ့။

0:53 ဒါပေမဲ့၊ ရှင်းနေတဲ့ ပြဿနာကို ထောက်ပြချင်တယ်၊

0:55  ခင်ဗျား ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် မေးလိုက်ရင်၊

0:59 ကိုယ့်ကိုယ်ကိုယ် စကားပြောနေတာလေ။

1:01 ကျွန်တော်တို့ အများစု ခေါင်းထဲမှာ

1:03 အသံတစ်ခုရှိတာကြောင့်၊ ဒါက လုံးဝ အဆင်ပြေတယ်။

1:07 ဒီမှာ ကျွန်တော် လုံးဝ သဘောကျတဲ့ သိပ္ပံနည်းကျ အချက်ပါ။

1:10  ကျွန်တော်တို့ဟာ ပစ္စုပ္ပန်ကို အာရုံမစိုက်ဘဲ နိုးနေချိန်ရဲ့ တစ်ဝက်နဲ့

1:13 ၃ ပုံ ၁ ပုံကြားမှာ ကုန်ဆုံးကြတယ်။

1:15 အချိန်ရဲ့ တစ်ဝက်နဲ့ ၃ ပုံ ၁ ပုံကြားမှာ

1:17 စိတ်တွေက လွင့်မျောနေတယ်။

1:19 အခြားအရာတွေအကြောင်း တွေးနေတယ်။

1:21 ခင်ဗျားတို့တချို့က အခု လုပ်နေတယ်။

1:23 ရပ်လိုက်ကြပါ။

1:24 (ရယ်သံများ)

1:26 လွင့်မျောနေတဲ့အဖြစ်ကို ရောက်သွားတာနဲ့၊

1:29 ကျွန်တော်တို့ လုပ်နေတာတွေထဲက တစ်ခုက ကိုယ့်ကိုယ်ကိုယ် စကားပြောပြီး

1:32 ပြောသမျှကို နားထောင်နေတာပါ။

1:35 ကျွန်တော့်လို သိပ္ပံပညာတွေက “အတွင်းသံ” ဝေါဟာရကို သုံးတဲ့အခါ၊

1:38 ကျွန်တော်တို့ ပြောနေတာက ဘဝတွေကို ဆင်ခြင်ဖို့ ဘာသာစကားကို

1:41 တိတ်တဆိတ် သုံးနိုင်စွမ်းပါ။

1:42 ကုန်စုံဆိုင် သွားသလို၊ အတွင်းသံက

1:45 အချိန်တိုအတွင်း အချက်အလက်တွေကို

1:48 ခေါင်းထဲမှာ ဆက်နိုးကြားခွင့်ပေးတာကြောင့်၊

1:50 ဒါက စူပါစွမ်းအားတွေထဲက တစ်ခုဖြစ်နေတယ်။

1:52 ခင်ဗျားသာ ကျွန်တော့်လိုသာဆို၊ လေ့လာရေးခရီးမှာ ၁၅ စက္ကန့်ကြာရင်၊

1:56 ဝယ်သင့်တဲ့အရာကို မေ့သွားပြီး ဒီစာရင်းကို ခေါင်းထဲမှာ ပြန်လုပ်တယ်။

2:00 “ပန်းသီး၊ ဒိန်ခဲ။ Pepto Bismol”

2:04 အများကြီးပါ။

2:06 အရေးကြီးတဲ့ တင်ဆက်မှု ဒါမှမဟုတ် တွေ့ဆုံခန်းတစ်ခုမတိုင်ခင်၊

2:09 ပြောမယ့်အရာကို တိတ်တဆိတ် ပြန်လေ့ကျင့်တဲ့အခါလို၊

2:12 အတွင်းသံကို လှုံဆော်ဖို့ အစီအစဉ်ချဖို့လည်း အသုံးပြုကြတယ်။

2:15 စင်ပေါ်မတက်ခင်မှာ လုပ်ခဲ့သလိုပဲ၊ ကိုယ့်ကိုယ်ကိုယ်

2:20 ထိန်းချုပ်ပြီး လှုံ့ဆော်ဖို့ အတွင်းသံကို အသုံးပြုတယ်။ 

2:23 ဟိုဘက်ထောင့်နားမှာပါ။

2:25 တိတ်တိတ်လေး ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာက “ဟေ့လူ၊ လာ၊ ရပြီ။ အသက်ပြင်းပြင်းရှူ။

2:30 ၄၅ မိနစ်၊ ပြီးပြီ”

2:32 (ရယ်သံများ)

2:33 တကယ်တော့၊ ခင်ဗျားတို့အားလုံးက ပြောတာက

2:35 “ဒီကောင်က သူ ၄၅ မိနစ်လောက် ပြောနေတာလို့ ထင်တာ။ ငကြောင်” ပေါ့။

2:38 (ရယ်သံများ)

2:39 နောက်ဆုံးအနေနဲ့၊ မှော်အဆန်ဆုံး ဖြစ်လောက်တာကတော့၊

2:43 မကြာခဏ နေထိုင်တဲ့ ဒီရှုပ်ထွေးတဲ့ ကမ္ဘာကို နားလည်ဖို့ အတွင်းသံကို သုံးတာပါ။

2:50 စိန်ခေါ်မှုတွေ တွေ့ကြုံရတဲ့အခါ၊ အာရုံကို အတွင်းဘက်လှည့်ပြီး

2:53 ဒါတွေကို ဖြတ်ကျော်ဖို့ ကြိုးစားကြတယ်။

2:55 အတွင်းသံက ကိုယ်ပိုင်အသိကို ပုံဖော်တဲ့၊

2:58 ကိုယ်ပိုင်လက္ခဏာကို ပုံသွင်းတဲ့

3:00 ဇာတ်လမ်းတွေ ဖန်တီးဖို့ ကူညီပေးတယ်။

3:02 ဒါကြောင့် ခင်ဗျားရဲ့ အတွင်းသံက ထူးခြားတဲ့ ကိရိယာတစ်လက်ပါ။

3:06 ပြဿနာက ဒါကို အလိုအပ်ဆုံးအချိန်မှာ မကြာခဏ ဒုက္ခပေးတဲ့ ကိရိယာပါ။

3:12 ကျွန်တော်တို့ဟာ ပြဿနာတွေအတွက် ရှင်းလင်းတဲ့ အဖြေတွေ ရမလာဘူး။

3:15 ဒီအစား အပျက်သဘော အတွေးကွင်းဆက်တွေထဲမှာ ပိတ်မိနေတယ်။

3:18 ကျွန်တာ်တို့ စိုးရိမ်တယ်။ စားမြုံ့ပြန်တယ်။

3:20 အတွင်းသံရဲ့ အမှောင်ဘက်ခြမ်းလို့ ခေါ်တဲ့ တွတ်ထိုးသံကို တွေ့ကြုံခံစားရတယ်။

3:25 တွတ်ထိုးသံကို ခံစားနေရလား ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

3:27 ပြဿနာတစ်ခုခုကို ဖြတ်ကျော်ဖို့ ကြိုးစားပေမဲ့၊

3:30 မတိုးတက်တဲ့ အဖြစ်မှာရောက်နေရင်၊

3:32 ဒါမှမဟုတ် “ငါက ငတုံး၊ ငါက လူမိုက်” လို့ ကိုယ့်ကိုယ်ကိုယ်

3:36 အဆက်မပြတ် ဝေဖန်ပြောဆိုနေရင်ပါ။

3:38 ဒါတွေက အရိပ်ပြတဲ့ လက္ခဏာ နှစ်ခုပါ။

3:41 တွတ်ထိုးသံ ဒီဖော်ပြချက်က ဒီမှာရှိတဲ့ တစ်ယောက်ယောက်နဲ့  ဆက်နွယ်နေရင်၊

3:44 ဒီလိုမဟုတ်တာ သေချာပါတယ်။

3:46 ဒါ​ပေမဲ့၊​  ဟုတ်နေ​ရင်​၊

3:47 ကျွန်တော့်ရဲ့တုံ့ပြန်​မှုက လူ့အ​ခြေအ​နေအရ ကျွန်တော် ကြိုဆိုပါတယ်​ မိတ်ဆွေတို့။

3:52 တွတ်ထိုးသံက ဒါရဲ့ အင်္ဂါရပ်တစ်ခုပါ။

3:55 ကျွန်တော်တို့အားလုံးက တစ်ခါတလေ ဒါကို တွေ့ကြုံနိုင်စွမ်းရှိတယ်။

3:59 ဒါက မျိုးစိတ်တစ်ခုအနေနဲ့

4:01 ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ပြဿနာကြီးတစ်ခုလည်းဖြစ်နေတယ်။

4:04 ဒါကို ပြောတာက တွတ်ထိုးတာက ကျွန်တော်တို့ကို ဘာဖြစ်စေတာကို ကြည့်ရင်၊

4:08 ဒီက လူတိုင်း အလွန်ဂရုစိုက်တယ်လို့

4:10 ကျွန်တော် စောဒကတက်မယ့် ဘဝနယ်ပယ် သုံးခု ထဲမှာ ကျွန်တော်တို့ကို ကျဆင်းစေလို့ပါ။

4:14 တွတ်ထိုးသံက လုပ်တာတစ်ခုက

4:15 ကျွန်ုပ်တို့အတွက် စဉ်းစား၊ လုပ်ဆောင်ဖို့ ခက်ခဲစေတာပါ။

4:18 ထိုင်ပြီး စာအုပ်တစ်အုပ်ထဲက

4:20 စာမျက်နှာအနည်းငယ်ကို ဖတ်တာ၊

4:22 ကျမ်းကျိန်ရာမှာ၊ စခရင် ဒါမှမဟုတ်

4:25 စာမျက်နှာပေါ်က စာလုံးတွေကို ဖတ်ပြီးပြီလို့

4:28 တရားသူကြီးကို ကျိန်ပေမဲ့၊ အပိုင်း၊ အခန်းရဲ့ အဆုံးကို

4:31 ရောက်သွားပြီး ဖတ်ခဲ့တာာတစ်ခုကို မမှတ်မိတာကို ကြုံဖူးရင်

4:33 တွတ်ထိုးသံက လှိုက်စားတဲ့ နည်းလမ်းကို ကြုံဖူးတာပါ။

4:36   ဒါက ကျွန်တော်တို့ မကြာခဏ လုပ်ချင်သလို လုပ်ဖို့ လိုအပ်တဲ့ အရာတွေ လုပ်ဖို့

4:40 လက်ကျန်အနည်းငယ်ကို ချန်ထားရင်း၊ အာရုံစူးစိုက်မှုကို ဝါးမြိုတာပါ။

4:43 တွတ်ထိုးတာက အခြားသူတွေနဲ့ ဆက်ဆံရေးမှာ ပဋိပက္ခကိုလည်း ဖန်တီးပေးတယ်၊

4:46 ဘာလို့လဲဆိုတော့ တွတ်ထိုးသံကို တွေ့ကြုံရတဲ့အခါ၊

4:49 ပတ်ဝန်းကျင်က လူတွေဆီ ဒါရဲ့သာယာမှုကို မျှဝေဖို့ စိတ်ထက်သန်နေလေ့ရှိတာကြောင့်ပါ။

4:53 ဆိုလိုတာက ကိုယ့်ရဲ့ တွတ်ထိုးသံ အကြောင်း ခဏခဏ ပြောချင်တော့

4:57 စကားပြောဖို့ တစ်ယောက်ယောက်ကို ရှာပြီး

4:59 ထပ်ခါထပ်ခါ ဆက်ပြောနေတာပါ။

5:03 ဒါက ကိုယ့်ကို အစစ်အမှန် ဂရုစိုက်တဲ့သူတွေကို

5:07 တွန်းထုတ်တဲ့  ဝမ်းနည်းဖွယ် အကျိုးဆက်တစ်ခုရှိစေနိုင်တာက

5:10 ကျွန်တော်တို့က သူတို့ကို စိတ်ညစ်အောင်မလုပ်ခင်မှာ၊

5:13 သူတို့ သည်းခံနိုင်တာ အများကြီးရှိလို့ပါ။

5:15 ဒီနောက် ကျန်းမာရေးပါ။

5:17 ဒီတော့ တွတ်ထိုးသံက ရုပ်ပိုင်း ကျန်းမာရေး ကို ထိခိုက်စေတဲ့ အရေပြားအောက်က

5:21 ဖိစီးမှုအကြောင်းရင်းပါ၊

5:22 ဘာလို့လဲ ဆိုတော့ ဒါက စိတ်ဖိစီးမှု တုံ့ပြန်မှုကို တာရှည်စေလို့ပါ။

5:26  ဒါက  ခန္ဓာကိုယ်အတွင်း ရုပ်ပိုင်း ထိခိုက် စေတဲ့ ယိုယွင်းပျက်စီးမှုကို ဖန်တီးကာ

5:31 နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ၊ ရောင်ရမ်းတာနဲ့ ကင်ဆာပုံစံတချို့လို

5:34 အရာတွေကိုတောင် ကြိုတင်ခန့်မှန်းတာပါ။

5:37 အခု ဒီတွေ့ရှိချက်တွေကို လူတွေ ကြားရတဲ့အခါ၊

5:39 မေးလေ့ရှိတဲ့ မေးခွန်းက “ဒီအတွင်းသံကို ဘယ်လို တိတ်ဆိတ်နိုင်လဲ။

5:42 ပါးစပ်ပိတ်ထားရုံပေါ့။”  

5:44 ဒီမေးခွန်းက မေးဖို့ အကောင်းဆုံးလို့တော့ မထင်ဘူး။

5:48 ဘာလို့လဲ ဆိုတော့ ခင်အတွင်းသံက ထူးခြားတဲ့ ကိရိယာတစ်လက်ဖြစ်နေလို့ပါ။

5:51 ကျွန်တော်တို့က ဒီကိရိယာကို မဖယ်ရှားချင်ဘူး။

5:54 အဖြေရှာချင်တာက ဒါကို အသုံးချပုံပါ။

5:56 ဒါက တကယ့် သတင်းကောင်းတွေ ပေါ်လာတဲ့ နေရာပါ။

6:00 ဒီမေးခွန်းက အခု ဆယ်စုနှစ် အနည်းငယ်ကြာအောင် ကျွန်တော့်လို

6:03 သိပ္ပံပညာရှင်တွေ ကြိုးစားဖြေဆိုဖို့ အတိအကျ မေးခွန်းဖြစ်ပြီး

6:06 ဒါကို တိတိကျကျ လုပ်ဖို့ ရှိနေတဲ့ သိပ္ပံ အခြေခံ ကိရိယာတွေ

6:09  အများကြီးကို လေ့လာထားတယ်။

6:11 အခု အပြင်မှာ ကိရိယာတွေ အများကြီးပါ။

6:13 တစ်ခုချင်းစီအကြောင်းတော့ မပြောတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ၄၅ မိနစ်လောက် ကြာသွားမယ်။

6:17 ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံး သုံးခုကို မျှဝေချင်တယ်။

6:20 ကျွန်တော်တို့ ဘာသာစကားနဲ့ စမှာပါ။

6:22 Malala Yousafzai က နိုဘယ် ငြိမ်းချမ်းရေးဆု

6:24 ရဖူးသမျှ အသက်အငယ်ဆုံးသူ ဖြစ်မလာခင်ကတောင်

6:27 မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့် ရရှိရေး လှုံ့ဆော်အားပေးတယ်၊

6:31 Jon Stewart နဲ့အတူ The Daily Show မှာ အတွေ့အကြုံတွေအကြောင်း

6:34 ဆွေးနွေးဖို့ သူ့ကို ဖိတ်ကြားခဲ့တယ်။

6:36 အင်တာဗျူးအတွင်း တစ်ချိန်မှာ

6:38 တာလီဘန်တွေက သူ့ကို သတ်ဖို့ ကြံစည်နေတာကို ပထမဆုံး တွေ့ရှိတဲ့အခါ၊

6:42 သူက သူ့ခေါင်းထဲမှာ ဖြစ်ပျက်ခဲ့တာကို ရှင်းပြခဲ့တယ်။

6:47 ဒီအတွေ့အကြုံကို သူ ဘယ်လို စပြောလဲဆိုတာကို

6:49 ဒီမှာ ကိုးကားတင်ပြချင်ပါတယ်။

6:52  “တာလစ်တွေ ရောက်လာပြီး ကျွန်မကို သတ်ပစ်မယ်လို့ တွေးဖူးတယ်…”

6:56 ဒီနေရာမှာ ဘာမှ ထူးခြားတာ မရှိဘူး။

6:59 သူက ပြောသူနာမ်စားအနေနဲ့ ပြောနေတာပါ၊

7:01 ကျွန်တော်တို့ ကိုယ့်ဘဝအကြောင်း ထုံးစံအတိုင်း တွေးနေပုံပါ။

7:04 ဒါပေမဲ့၊ အတွေ့အကြုံရဲ့ ဒီအပိုင်းကို သူ ရောက်သွားချိန်မှာ

7:07 “တာလီဘန်တွေ၊  ငါ့အိမ်တံခါးဝမှာ ရောက်နေပြီ” “ငါ့ကို ခေါ်ဖို့လာနေပြီ။”

7:11 ဒါက စိတ်ကူးကြည့်လို့ရတဲ့

7:13 အဖိစီးဆုံး၊ တွတ်ထိုးသံ ဖြစ်စေတဲ့ အဖြစ်အပျက် အထွတ်အထိပ်လို့ ဆိုနိုင်တယ်။

7:16 ဒီအပိုင်းကို သူ ရောက်တာနဲ့ ထူးဆန်းတာ တစ်ခုခုလုပ်တယ်။

7:21  နောက်ထပ် အကိုးအကားတစ်ခု ပြမယ်၊

7:22 သူ ပြောတာကို ကြည့်စေချင်တယ်။

7:24 “မာလာလာ၊ ဘာလုပ်မလဲ” လို့ ကိုယ့်ကိုယ်ကိုယ်မေးတယ်။

7:27 ‘မာလာလာ၊ ဖိနပ်တစ်ဖက်နဲ့ သူ့ကို ရိုက်’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်လိုက်တယ်။

7:31 ဒါပေမဲ့၊ ’နင် တာလစ်ကို ဖိနပ်နဲ့  ရိုက်လိုက်ရင်၊

7:34 နင်နဲ့ တာလစ်ကြားမှာ ကွာခြားမှု မရှိတော့ဘူး′ လို့ ပြောခဲ့တယ်။”

7:37 သူက ပြောသူနာမ်စားနဲ့ စခဲ့ပေမဲ့၊ နောက်တော့ ပြောင်းသွားတယ်။

7:40 သူ့ကိုယ်သူ လမ်းညွှန်နေတာပါ။

7:41 သူက သူ့နာမည်နဲ့ “နင်” ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး အခြားတစ်ယောက်လို

7:45 သူ့ကိုယ်သူ အကြံဉာဏ်ပေးနေတယ်။

7:48 ဒီဥပမာမှာ၊ မာလာလာ လုပ်နေတာက ကျွန်တော်တို့ လေ့လာခဲ့တဲ့ ကိရိယာကို အသုံးပြုနေတာပါ။

7:52 ဒါကို “distanced self-talk” လို့ခေါ်ပြီး

7:54 လူသားတွေက ကိုယ်ပိုင် အကြံဉာဏ် ရယူတာထက် အခြားသူတွေကို

7:59 အကြံဉာဏ်ပေးတာမှာ ပိုတော်တာကြောင့် အသုံးဝင်ပါတယ်။

8:04 ဒီတော့ကြောင်သူတော်ကြီး တစ်ယောက်လို ခံစားဖူးရင်၊

8:06 ထပ်ပြောမယ်၊ လူသားအခြေအနေကနေ ကြိုဆိုပါတယ်။

8:08 ဖြစ်စဉ်အတွက် နာမည်တစ်ခုတောင်ရှိတယ်။

8:11 အခြားသူတွေကို အကြံဉာဏ်ကောင်းပေးနိုင်ပေမဲ့၊ ကိုယ်ပိုင်အရေးနဲ့ပတ်သက်လာတဲ့အခါ၊

8:15 ကသောင်းကနင်းဖြစ်တာ   ကျော်ကြားတဲ့ သမ္မာကျမ်းထဲက

8:19 ဘုရင် ရှောလမုန်ကို အစွဲပြုပြီး ရှောလမုန် ဝိရောဓိလို့ခေါ်တာပါ။

8:22 ကိုယ့်အမည်နဲ့ “သင်” ကို သုံးတာက အမြင်ကို ပြောင်းလဲစေတယ်။

8:25 ကိုယ်က အခြားတစ်ယောက်ကို

8:27 အကြံဉာဏ်ပေးသလို ကိုယ်ကိုယ်တိုင်နဲ့  ဆက်စပ်မိပြီး

8:29 ပြဿနာတွေကို ဉာဏ်ရှိရှိ ကျော်ဖြတ်ဖို့ များစွာပိုလွယ်ကူစေတယ်။

8:34 တွတ်ထိုးသံကို စီမံဖို့ အသုံးပြုနိုင်တဲ့ အခြားကိရိယာက အခြားလူတွေပါ။

8:38 ဒါပေမဲ့၊ စကားပြော အထောက်အကူအတွက် ကိုယ် သွားမယ့်သူကို တကယ် သတိထားရမှာပါ။

8:43 တစ်စုံတစ်ယောက်ကို ကူညီဖို့ အကောင်းဆုံး နည်းလမ်းက သူ့ရဲ့ စိတ်ခံစားမှုတွေကို

8:47 ထွက်ပေါက်ပေးတာလို့ လူအများက ထင်မြင်ကြပေမဲ့၊

8:50 ထွက်ပေါက်ပေးတာက တွတ်ထိုးသံကို ကျော်ဖြတ်ဖို့ အထောက်အကူမဖြစ်ဘူး။

8:53 ဒါက အရေးကြီးတဲ့ မှတ်သားစရာ ဖြစ်တာကြောင် ထပ်ပြောချင်ပါတယ်။

8:56 ထွက်ပေါက်ပေးတာက တွတ်ထိုးသံကိုကျော်ဖြတ်ဖို မကူညီဘူး။

8:59 ထွက်ပေါက်ပေးတာက လူတွေကြားမှာ

9:01 ခင်မင်မှုနဲ့ ဆက်ဆံရေး နှောင်ကြိုးတွေ ခိုင်မာစေဖို့ တကယ် အသုံးဝင်ပါတယ်။

9:05 တစ်ယောက်ယောက်ရှိနေတာ သိရတာ ကောင်းပါတယ်၊

9:07 သူတို့က ကိုယ့်ကို နားထောင်ပြီး ကိုယ်ချင်းစာဖို့ အချိန်ယူချင်ကြတယ်။

9:11 ဒါပေမဲ့၊ လုပ်စရာက ပြဿနာကို ဖွင့်ထုတ် ဖို့ဆိုရင် စကားဝိုင်းကို အဆုး.သတ်ပါ၊

9:15 ကိုယ် စကားပြောခဲ့တဲ့လူနဲ့ ပတ်သက်ပြီး ကောင်းပေမဲ့၊

9:17 ကိုယ် တကယ် ကိုင်တွယ်တာကို

9:19 မလုပ်ရသေးတာတာကြောင့်၊ တွတ်ထိုးသံက ရိုက်ခတ်နေတုန်းပါ။

9:22 အခြားသူတွေနဲ့ အကောင်းဆုံး စကားပြော အမျိုးအစားတွေက နှစ်ခု လုပ်ပေးတယ်။

9:26 တစ်၊  ကိုယ် ပြောနေတဲ့လူက ကိုယ့်ခံစားမှုတွေကို ဖော်ပြခွင့်ပေးတယ်။

9:30 သူတို့အတွက် ကိုယ့်ကို စာနာပြီး

9:32 ကိုယ် ကြုံနေတာတွေကို သက်သေပြဖို့က အရေးကြီးတယ်။

9:34 ဒါပေမဲ့၊ ဒီနောက်မှာ ကိုယ့်ခံစားချက်တွေကို ဝေမျှဖို့ အခွင့်အရေးရတာနဲ့၊

9:38 သူတို့က ကိုယ့်ရဲ့အမြင်ကို ကျယ်ပြန့်လာစေဖို့ ကိုယ်နဲ့ ပူးပေါင်းတယ်။

9:42 သူတို့က ကိုယ်ကိုယ် ကူညီဖို့   စံပြ အနေအထားမှာ

9:44 ရှိနေတာက ပြဿနာက သူတို့ဆီမှာ ဖြစ်မနေတာကြောင့်ပါ။

9:47 ဒီတော့ ကိုယ့်ရဲ့ တွတ်ထိုးစကား အကြံပေးတွေက ဘယ်သူတွေလဲဆိုတာ အသေအချာ စဉ်းစားပါ။

9:50 သူတို့က နားထောင်သူနဲ့ အကြံပေးတွေ ဖြစ်သင့်တယ်။

9:54 ဒါက ကျွန်တော် မျှဝေချင်တဲ့  တတိယနဲ့ နောက်ဆုံး ကိရိယာ ဖြစ်လာစေတယ်။

9:57 ဒါက ကျွန်တော် အကြိုက်ဆုံးပါ။

9:59 အံ့ဩစရာ ကြုံနေရတာပါ။

10:02 လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က

10:03 ဘာကလေက သိပ္ပံပညာရှင်တွေက အူတာက ခမ်းနားတဲ့ ဂရင်းမြစ်ကို လှော်ခတ်နေစဉ်

10:07 စစ်မှုထမ်းဟောင်းတွေနဲ့ အရေးပေါ်လုပ်သားအဖွဲ့ကို ခြေရာခံခဲ့တယ်။

10:11 သူတို့က ပါဝင်သူတွေရဲ့ PTSD အဆင့်နဲ့ စိတ်ဖိအားတွေ၊

10:15 ဖောင်ခရီးမစခင်နဲ့ အပြီးမှာ တွတ်ထိုးသံနဲ့ ရောနှောနေတဲ့

10:18 စိတ်အခြေအနေတွေကို တိုင်းတာတယ်။

10:21 ပါဝင်သူအများစုရဲ့ စိတ်ဖိစီးမှုနဲ့ PTSD အဆင့်တွေဟာ

10:24 စမ်းသပ်မှု အစကနေ အဆုံးအထိ

10:26 ကျဆင်းသွားတာတွေက အံ့သြစရာမဟုတ်ဘူး။

10:29 ဒါပေမဲ့၊ အံ့ဩစရာ အကြောင်းခံက

10:32 PTSD နဲ့ စိတ်ဖိစီးမှုမှာ ခန့်မှန်းထားတဲ့ ကျဆင်းမှုတွေပါ။

10:36 ပါဝင်သူတွေရဲ့ အံ့ဩစရာ အတွေ့အကြုံပါ။

10:39 အံ့ဩတာက ကျယ်ပြောပြီး

10:40 ဖော်မပြနိုင်တာတစ်ခုထဲမှာ ရှိနေတဲ့အခါ၊ ခံစားရတဲ့ စိတ်ခံစားမှုတစ်ခုပါ။

10:44 လူတော်တော်များများက အံ့သြစရာ နေဝင်ချိန်ကနေ ဒါကို ရကြတယ်။

10:47 ကျွန်တော်က သိပ္ပံကျွမ်းကျင်တော့

10:49 ပြင်ပ အာကာသနဲ့ ဂြိုလ်တွေကြား ခရီးကို ချိန်ဆတဲ့အခါ၊ ဒါကို နားလည်တယ်။

10:53 အခု အင်္ဂါဂြိုဟ်ပေါ်မှာ  SUV ကားတစ်စင်း ရှိနေပြီး အဲဒီကနေ ဗီဒီယိုဖိုင်ကို ပို့တယ်။

10:58 ဒါက ကျွန်တော့်ကို အံ့သြ စေ့ဆော်ပေးတာပါ။

11:00 ဒီလို အံ့ဩစရာ ခံစားမှုကို တွေ့ကြုံတဲ့အခါ၊

11:02 အတ္တ ကျုံ့သွားခြင်းလို့ ခေါ်တယ်။ 

11:05 ကျယ်ပြောပြီး ဖော်ပြလို့မရတာတစ်ခုကို တွေးဆနေချိန်မှာ ပိုသေးငယ်တယ်လို့ ခံစားရကာ၊

11:10 ပိုသေးငယ်တယ်လို ခံစားရတဲ့အခါ၊ တွတ်ထိုးသံကလည်း အလားတူပါ။

11:14 ကျွန်တော် အတော်လေး တွေးဖြစ်တဲ့၊ တစ်ခါတလေ

11:16 ရှုပ်ပွနေတဲ့ စိတ်ခံစားမှုဆိုင်ရာ ဘဝတွေကို လေ့လာတာတွေကို မျှဝေရင်း

11:21 အကြောင်းအရာတွေကို ခြုံငုံပြောချင်တယ်။  

11:25 ကျွန်တော် လုပ်တိုင်း၊ ဒါက ကြောက်စရာတွေနဲ့ ပြည့်စေပြီး ဒါက လှုံ့ဆော်တယ်လို့ ထင်တယ်။

11:31 လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ကနေ ၁၀၀၀၀ ကြားမှာ၊

11:33 ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ပထမဆုံး ခွဲစိတ်မှုနည်းပညာကို တီထွင်ခဲ့တယ်။

11:37 ဒါရဲ့အမည်က trepanation ဖြစ်ပြီး

11:38 လူတွေရဲ့ ဦးခေါင်းခွံထဲမှာ အပေါက်တွေ ဖောက်တာ ပါဝင်တယ်။

11:43 ဒီနည်းပညာကို သုံးရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့

11:46 ခံစားမှုတွေကို စီမံဖို့ သုံးလို့ရတယ်လို့ ယုံကြည်ခဲ့လို့ပါ၊

11:49 ကြီးမားပြီး ထိန်းညှိမရတဲ့ စိတ်တုံ့ပြန်မှုတွေပါ။

11:52 နတ်ဆိုးတွေ ထွက်သွားပါစေပေါ့။

11:54 ၁၉၄၉ခုနှစ်ကိူ အမြန်သွားရအောင်။

11:56 ပေါ်တူဂီ သမားတော်တစ်ယောက်က စိတ်ခံစားမှု ထိန်းကျောင်းမှုဆိုင်ရာ

12:00 စွက်ဖက်မှုတစ်ခုအတွက် နိုဘယ်လ်ဆုကို ရရှိခဲ့တယ်။

12:03 ဒါရဲ့နာမည်လား။

12:05  Frontal lobotomy ပါ။

12:07 ကျေးဇူးတင်စရာက လူတွေရဲ့ ဦးခေါင်းမှာ အပေါက်တွေ ဖောက်တာကနေ

12:13 လူတွေ စိတ်သက်သာရာရစေဖို့ ဦးနှောက် ရှေ့ပိုင်းမှာ

12:16 ရေခဲတုံးလေးတွေကပ်တာအထိ ခရီးရှည်တစ်ခု လာခဲ့တာပါ။

12:18 သိပ္ပံအခြေခံ ကျွမ်းကျင်မှုတွေရဲ့ ကိရိယာဘူးက  အလွန်တိုးတက်နေတာပါ။

12:24 ပိုကောင်းတဲ့ အလုပ်တစ်ခု လုပ်ဖို့ လိုအပ်တာက ကျွန်တော်တို့ရဲ့ ဘ၀မှာ

12:28 ဒီကိရိယာတွေကို သုံးပြီး အခြားသူတွေနဲ့ မျှဝေတာပါ။

12:30 ကျွန်တော်တို့ဟာ အခြားသူတွေနဲ့ ပိုထိရောက်စွာ

12:33 ဆက်သွယ်ပြောဆိုနည်းကို ကိုယ့်ကိုယ်ကိုယ် သင်ကြားဖို့ ရင်းမြစ်များစွာကို သုံးစွဲတယ်။

12:38 လုပ်ဖို့လိုတာက ကိုယ့်ကိုယ်ကိုယ် ပိုထိရောက်စွာ ပြောဆိုဆက်ဆံနည်းကို

12:42 ကိုယ့်ကိုယ်ကိုယ် သင်ကြားဖို့ ညီမျှတဲ့ အရင်းအမြစ်ပမာဏတစ်ခုကို

12:45 မြှုပ်နှံဖို့ပါ။

12:47 ကျေးဇူးတင်ပါတယ်။

12:48 (လက်ခုပ်၊ဩဘာသံများ) 

Study with Looplines Download Captions Watch on YouTube