The single biggest reason why start-ups succeed | Bill Gross | TED

The single biggest reason why start-ups succeed | Bill Gross | TED

TED

0:00 Translator: Sanntint Tint Reviewer:

0:04 Myo Aungကနဦးအောင်မြင်မှုအတွက်အရေးပါဆုံးဖြစ်ကာကုမ္ပဏီတွေကိုအအောင်မြင်ဆုံးဖြစ်စေတဲ့ကျွန်တော့ကိုအံ့အားသင့်စေတဲ့တွေ့ရှိမှုတွေကိုမျှဝေဖို့စိတ်လှုပ်ရှားမိပါတယ်။ယုံကြည်မိတာကလုပ်ငန်းသစ်ကိုထူထောင်မှုဟာကမ္ဘာကိုပိုကောင်းတဲ့နေရာတစ်ခုဖန်တီးဖို့အကြီးကျယ်ဆုံးပုံစံတစ်ခုဆိုတာပါ။လူတစ်စုကိုမှန်ကန်၊ညီမျှတဲ့အားပေးမှုတွေနဲ့ခေါ်ယူပြီးသူတို့ကိုလုပ်ငန်းသစ်တစ်ခုမှာစုစည်းလိုက်ရင်အရင်တုန်းကမကြုံစဖူးလူသားစွမ်းပကားကိုဖွင့်ထုတ်ပေးနိုင်ပါတယ်။မယုံနိုင်လောက်တဲ့အရာတွေကိုသူတို့ကိုရယူနိုင်ပါတယ်။ဒါပေမဲ့လုပ်ငန်းအစဟာအံ့ဖွယ်ကောင်းပေမဲ့ဘာလို့အများကြီးကျရှုံးကြတာလဲ။ကျွန်တော်ရှာချင်တာကဒါပါ။လုပ်ငန်းသစ်အောင်မြင်မှုအတွက်တကယ့်အရေးပါဆုံးကိုရှာဖွေချင်ပါတယ်။ဒီအကြောင်းကိုစနစ်တကျဖြစ်ဖို့ကြိုးစားကာကိုယ့်ဗီဇတွေနဲ့နှစ်များစွာကိုယ်မြင်ခဲ့ဖူးတဲ့ကုမ္ပဏီများစွာကရခဲ့တဲ့နားလည်မှုအလွဲတွေကိုရှောင်ချင်တယ်။ဒါကိုသိချင်တဲ့အကြောင်းကကျွန်တော်ဟာ၁၂နှစ်သားတည်းကစီးပွားရေးတွေစလုပ်နေခဲ့လို့ပါ။အလယ်တန်းကျောင်းကားမှတ်တိုင်မှာသကြားလုံးရောင်းတယ်၊အထက်တန်းမှာနေစွမ်းအင်ကိရိယာတွေထုတ်လုပ်ခဲ့တယ်၊ကောလိပ်မှာအသံချဲ့စက်တွေလုပ်တယ်ပေါ့။ကောလိပ်ကဘွဲ့ရတော့ဆော့ဖ်ဝဲကုမ္ပဏီတွေစလုပ်ခဲ့တယ်။လွန်ခဲ့တဲ့အနှစ်၂၀က

1:06 Idealabကိုစခဲ့ပြီးဒီနှစ်၂၀တွင်းမှာကုမ္ပဏီ၁၀၀ကျော်စဖြစ်ခဲ့ပါတယ်၊အောင်မြင်တာတွေ၊အကြီးအကျယ်ရှုံးတာတွေအများကြီး။ဒီအရှုံးတွေကနေအများကြီးသင်ယူခဲ့တယ်။ဒါနဲ့ကုမ္ပဏီအောင်မြင်မှု၊ကျရှုံးမှုအတွက်ထည့်တွက်လို့ရတဲ့အကြောင်းရင်းတွေကိုရှာကြည့်ဖို့ကြိုးစားခဲ့တယ်။ဒါနဲ့ဒီငါးခုကိုကြည့်ခဲ့တယ်။ပထမကစိတ်ကူးပါ။စိတ်ကူးဟာအရေးကြီးတယ်လို့ထင်ခဲ့ဖူးတယ်။စိတ်ကူးတစ်ခုပထမရတဲ့အခါ"ဟော"ဆိုတဲ့ကာလတွေကိုအရမ်းဂုဏ်တင်ပြီးကုမ္ပဏီကို

1:29 Idealabလို့ခေါ်ခဲ့တယ်။​ဒါပေမဲ့ကြာတော့စိတ်ကူးထက်အသင်း၊အကောင်အထည်ဖော်မှု၊ဆီလျော်အောင်ပြုပြင်မှုတွေဟာပိုတောင်အရေးပါလောက်တာတွေးမိလာတယ်။ TEDစင်မြင့်မှာလက်ဝှေ့သမား

1:39 Mike Tysonကိုကိုးကားလိမ့်မယ်လို့တစ်ခါမှမတွေးမိဘူး၊ဒါပေမဲ့သူတစ်ခါပြောဘူးတာက"မျက်ခွက်အထိုးမခံရခင်တော့လူတိုင်းအစီအစဉ်တစ်ခုရှိတာပဲလေ။"(ရယ်သံများ)ဒါကစီပွားရေးနဲ့ပတ်သက်ပြီးလည်းအရမ်းမှန်တယ်လို့ထင်တယ်။ဒီတော့အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီးများတာကဖောက်သည်ကမျက်ခွက်ကိုထိုးတာကိုခံယူနိုင်စွမ်းပါ။ဖောက်သည်ကတကယ့်အမှန်တရားပါ။ဒါကြောင့်ပဲ့တွေးလာမိတာကအသင်းဟာအရေးပါဆုံးအရာဖြစ်လောက်တယ်ပေါ့။နောက်တော့လုပ်ငန်းပုံစံကိုစကြည့်မိတယ်။ဖောက်သည်ထံမှဝင်ငွေကိုရှာနိုင်မယ့်ရှင်းနေတဲ့လမ်းရှိလား။ဒါကအောင်မြင်မှုအတွက်အရေးပါဆုံးအကြောင်းကျွန်တော့အတွေးထိပ်ဆုံးကိုစတက်လာတယ်။ငွေကြေးထောက်ပံ့မှုကြည့်တယ်။တစ်ခါတစ်လေကုမ္ပဏီတွေဟာကြီးမားတဲ့ငွေထောက်ပံ့မှုရတယ်။ဒါကအရေးပါဆုံးဖြစ်လောက်လား။ပြီးတော့အချိန်ကိုက်ဖို့လိုတယ်။စိတ်ကူးပုံစောလွန်းပြီးကမ္ဘာကအဆင်သင့်မဖြစ်သေးရင်ကော။ကိုယ်ကရှေ့ရောက်တာစောနေပြီးကမ္ဘာကြီးကိုသင်ပေးဖို့လိုတာလား။အချိန်ကိုက်ပဲလား။နောက်ကျလွန်းပြီးပြိုင်ဘက်တွေအများကြီးရှိနှင့်တာလား။ဒီအရင်းခံငါးချက်ကိုကျွန်တော့ကုမ္ပဏီတွေကနေအသေအချာကြိုးစားကြည့်ခဲ့တယ်။ဒီအကြောင်းသိပ္ပံနည်းကျတာတစ်ခုခုကြိုးစား၊ရနိုင်ဖို့ Idealabကုမ္ပဏီ၁၀၀၊

2:38 non-Idealabကုမ္ပဏီ၁၀၀ကနေကြည့်ခဲ့တယ်။ဒီတော့ဒီ

2:42 Idealabကုမ္ပဏီတွေမှာထိပ်တန်းကုမ္ပဏီငါးခုက Citysearch၊ CarDirect၊ GoTo၊ NetZero၊

2:47 Tickets.comတို့ပါ၊ဒါအားလုံးဘီလီယံဒေါ်လာချီအောင်မြင်ခဲ့တယ်။အောက်ခြေကကုမ္ပဏီငါးခုက Z.com Insider

2:53 Pages MyLife Desktop

2:54 Factory Peoplelinkပါ။မျှော်လင့်ချက်မြင့်မားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။ဒီတော့ရှုထောင့်တစ်ခုစီမှာဒီကုမ္ပဏီတွေအမှတ်ရတာဘယ်လိုခံစားမိတယ်ဆိုတာရဲ့ဒီလက္ခဏာရပ်အားလုံးကိုတန်းစီခဲ့တယ်။ဒီနောက်

3:05 non-Idealabကုမ္ပဏီတွေဖြစ်တဲ့ Airbnb၊ Instagramနှင့် Uber

3:08 YouTubeနှင့် LinkedInတို့ရဲ့အံ့မခန်းအောင်မြင်မှုတွေကိုကြည့်ခဲ့တယ်။ကျရှုံးတာတစ်ချို့ကတော့ Webvan

3:13 Kozmo Pets.com Floozနဲ့

3:15 Friendsterပါ။အခြေကကုမ္ပဏီတွေကကြီးမားတဲ့ထောက်ပံ့မှုနဲ့တစ်ချိ့ကိစ္စမှာစီးပွားရေးပုံစံတွေတောင်ရှိပေမဲ့မအောင်မြင်ဘူး။ကုမ္ပဏီအားလုံးရဲ့အောင်မြင်မှုနဲ့ကျရှုံးမှုအတွက်အရေးပါဆုံးအကြောင်းရင်းတွေကိုကြိုးစားကြည့်ခဲ့တော့ရလဒ်တွေကကျွန်တော့ကိုအတော်အံဩစေတယ်။နံပါတ်တစ်ကအချိန်ကိုက်မှုပါ။အချိန်ကိုက်မှုကအောင်မြင်မှုနဲ့ကျရှုံးမှုကြားကခြားနားချက်ရဲ့၄၂%စာရင်းပေါက်တယ်။အသင်းနဲ့အကောင်အတည်ဖော်မှုကဒုတိယလိုက်ပြီးစိတ်ကူးကတော့စိတ်ကူးရဲ့မတူညီမှုနဲ့စိတ်ကူးရဲ့တစ်မူထူးမှုကတကယ်တော့တတိယပါ။ကဲဒါဟာလုံးဝအခိုင်အမာတော့မဟုတ်ပါဘူး။စိတ်ကူးကအရေးမပါဘူးလို့မဆိုလိုပါဘူး၊ဒါပေမဲ့ကျွန်တော်အရမ်းအံ့ဩမိတာကစိတ်ကူးကအရေးပါဆုံးမဟုတ်တာကိုပါ။တစ်ခါတစ်လေတကယ့်အချိန်ကိုက်သွားတဲ့အခါပိုအရေးပါပါတယ်။နောက်ဆုံးစီးပွားရေးပုံစံနဲ့ထောက်ပံ့ခြင်းကကျွန်တော့ကိုသိစေခဲ့တယ်။စီးပွားရေးပုံစံကဒီလောက်နိမ့်သင့်တယ်ထင်မိစေတဲ့အကြောင်းကစီးပွားရေးပုံစံမပါပဲနဲ့စတင်နိုင်ပြီးကိုယ်ဖန်တီးတာဖောက်သည်တွေတောင်းဆိုရင်နောက်မှတစ်ခုထပ်ဖြည့်နိုင်တာပါ။ထောက်ပံ့မှုကိုလည်းထင်မိတာကကိုယ်ဟာအစမှာငွေကြေးမလောက်ပေမဲ့ခြေကုပ်ရနေရင်အထူးသဖြင့်ဒီနေ့ခေတ်မှာကြီးမားတဲ့ထောက်ပံ့မှုရဖို့သိပ်လွယ်ပါတယ်။အခုတော့ဒါတွေအကြောင်းတိကျတဲ့နမူနာတစ်ချို့ပေးပါရစေ။ဒီတော့လူတိုင်းသိတဲ့

4:17 Airbnbရဲ့သောက်သောက်လဲအောင်မြင်မှုပါ။ဒီကုမ္ပဏီကမြှုပ်နှံသူများစွာရဲ့အထင်ကရပန်းပေးတာခံရတယ်။အကြောင်းကလူတွေတွေးတာက"ဘယ်သူမှသူတို့အိမ်ကနေရာကိုသူစိမ်းကိုပေးငှားမှာမဟုတ်ဘူး။"တကယ်တမ်းကလူတေွမှားသွားခဲ့တယ်။ဒါပေမဲ့အောင်မြင်တဲ့အကြောင်းတစ်ခုကစီးပွားရေးပုံစံ၊စိတ်ကူးကောင်း၊ထူးကဲတဲ့ပြီးမြောက်မှုမှအပချိန်ကိုက်မှုပါဒီကုမ္ပဏီကစီးပွားရေးကျဆင်းမှုအထွတ်အထိတ်အတွင်းပေါ်လာခဲ့တယ်။လူတွေတကယ်ကိုငွေပိုလိုတဲ့အချိန်နဲ့ဒါကသူတို့အိမ်ကိုသူစိမ်းကိုငှားဖို့​ကန့်ကွက်တာကိုကျော်လွားဖို့ကူညီလောက်တဲ့အချိန်ပါ။ Uberလည်းအလားတူပါပဲ။မယုံနိုင်တဲ့ကုမ္ပဏီ၊စီးပွားရေးပုံစံ၊ထူးကဲတဲ့ပြီးမြောက်မှုနဲ့ပါပေါ်လာခဲ့တယ်။ဒါပေမဲ့ချိန်ကိုက်မှုကစနစ်ထဲယာဉ်မောင်းတွေရောက်ဖို့လိုတာအတွက်ကွက်တိပါ။ယာဉ်မောင်းတွေဟာငွေပိုရှာနေတာ၊ဒါကသိပ်ကိုအရေးကြီးပါတယ်။အစောပိုင်းအောင်မြင်မှုတွေ

4:56 Citysearchက web pageတွေလိုချိန်မှာပေါ်လာတယ်။ကျွန်တော်တို့၁၉၉၈

4:59 TEDမှာကြေညာခဲ့တဲ့ GoTo.comဟာယာဉ်ကြောရဖို့ကုမ္ပဏီတွေတွက်ခြေကိုက်တဲ့နည်းတွေရှာနေချိန်မှာပါ။စိတ်ကူးကအတော်ကောင်းတယ်လို့ထင်ခဲ့ပေမဲ့တကယ်ကချိန်ကိုက်မှုကပိုပြီးအရေးပါလောက်တယ်။နောက်ကျရှုံးမှုတစ်ချို့ပေါ့။

5:10 Z.comဆိုတဲ့အွန်လိုင်းဖျော်ဖြေမှုကုမ္ပဏီတစ်ခုစတင်ခဲ့တယ်။အတော့ကိုစိတ်လှုပ်ရှားခဲ့တယ်။ငွေအလုံအလောက်မတည်တယ်၊စီးပွားရေးပုံစံကောင်းရှိတယ်။မယုံနိုင်အောင်ထူးတဲ့

5:19 Hollywoodပါရမီရှင်နဲ့တောင်လက်မှတ်ထိုးခဲ့တယ်။ဒါပေမဲ့လိုင်းဆွဲအားက၁၉၉၉-၂၀၀၀မှာနိမ့်လွန်းတယ်။ဗီဒီယိုကိုအွန်လိုင်းကကြည့်ဖို့ခက်လွန်းတယ်။ကိုယ့်ရှာဖွေရေးကိရိယာမှာ

5:26 Codecတွေဘာတွေထည့်ရတော့နောက်ဆုံး၂၀၀၃မှာကုမ္ပဏီဟာလုပ်ငန်းမှထွက်လိုက်ရတယ်။နောက်နှစ်နှစ်အကြာမှာပဲပြဿနာကို Adobe

5:34 Flashကဖြေရှင်းခဲ့ပြီးလိုင်းဆွဲအားကအမေရိကမှာ၅၀%ကျော်ရှိလာတယ်။

5:39 YouTubeကကွက်တိအချိန်ကိုက်ပါပဲ။စိတ်ကူးကောင်း၊အံ့ဖွယ်ချိန်ကိုက်မှုတကယ်ကပထမစတုန်းက YouTubeမှာစီးပွားရေးပုံစံတောင်မရှိခဲ့ဘူး။အလုပ်ဖြစ်မယ်လို့တောင်မသေချာခဲ့ဘူးလေ။ဒါပေမဲ့လှလှပပကိုအချိန်ကိုက်ခဲ့တာပါ။ဒီတော့အနှစ်ချုပ်အနေနဲ့ပြောမှာကအကောင်အထည်ဖော်ဆောင်မှုဟာတကယ့်ကိုအများကြီးအရေးပါပါတယ်။စိတ်ကူးကအတော်အရေးပါတယ်။ချိန်ကိုက်ခြင်းကပိုအရေးပါလောက်တယ်။ချိန်ကိုက်ခြင်းကိုအကဲဖြတ်ဖို့အကောင်းဆုံးနည်းလမ်းကစားသုံးသူတွေဟာကိုယ်ပေးတာတွေအတွက်တကယ်အဆင်သင့်ဖြစ်၊မဖြစ်ကြည့်ဖို့ပါ။ဒါနဲ့ပတ်သက်ပြီးတကယ်ရိုးသားဖို့၊ကိုယ်မြင်တဲ့ရလဒ်တွေကိုမငြင်းဖို့ပါ။အကြောင်းကကိုယ်နှစ်သက်တာတစ်ခုခုရှိရင်ဒါကိုရှေ့တန်းတင်ချင်ပေမဲ့အချိန်ကိုက်ခြင်းကအကြောင်းခံမှာတကယ်ရိုးသားဖို့လိုတာကြောင့်ပါ။စောစောကပြောသလိုလုပ်ငန်းသစ်တွေကကမ္ဘာကိုပြောင်းလဲ၊ပိုကောင်းအောင်လုပ်နိုင်တယ်ထင်တယ်။မျှော်လင့်တာကဒီအမြင်တွေကနည်းနည်းပိုမြင့်တဲ့အောင်မြင်မှုရဖို့ကူညီနိင်ကာအခြားနည်းနဲ့ဘယ်လိုမှဖြစ်မလာနိုင်ခဲ့တဲ့ကြီးမားတာကိုကမ္ဘာမှာလုပ်ပေးခဲ့တာပါ။ကျေးဇူးအရမ်းတင်ပါတယ်၊ကြီးကျယ်တဲ့ပရိတ်သတ်ပါ။(လက်ခုပ်သံများ)

Study with Looplines Download Captions Watch on YouTube