Sitting All Day Is Killing You — Here’s What to Do About It | Manoush Zomorodi | TED
TED
0:00 Translator: Sanntint Tint Reviewer: sun moon
0:03 ပင်ပန်းတဲ့ တစ်နေ့တာ အဆုံးမှာ လက်ပ်တော့ကို ပိတ်ပြီး
0:07 ဖုန်း ပွတ်ဖို့ ဒါမဟုတ် ရှိုးတစ်ခုကြည့်ဖို့ ဆိုဖာပေါ်ကို တွားသွားလို့ရအောင်
0:12 စွမ်းအင်ရှိနေတယ်လို့ ခံစားရဖူးလား။
0:17 ဒါမှမဟုတ် နှစ်ခုစလုံး တစ်ချိန်တည်းမှာ ဖြစ်နိုင်သလား။
0:21 ဟုတ်ပါတယ်။
0:22 ကပ်ရောဂါအတွင်း၊ လုပ်ချင်တာက ဒါတွေပဲဖြစ်ပြီး
0:24 ဘာကြောင့်လို့ နားမလည်နိုင်ခဲ့ဘူး။
0:26 ကျွန်မ ဘေးကင်းတယ်၊ ကျန်းမာတယ်၊
0:27 ကျွန်မ ဘာလို့ လက်တော့ပ်ကို ပိတ်ပြီး
0:29 ဧည့်ခန်းထဲမှာ ကခုန် မနေချင်တာလဲပေါ့။
0:31 ကျွန်မရဲ့ စွမ်းအင်တွေ ဘယ်ရောက်သွားတာလဲ။
0:34 ကျွန်မက သတင်းသမားတစ်ယောက်ပါ။
0:36 လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျွန်မရဲ့ အထူးပြုက နည်းပညာ အလေ့အထတွေက
0:39 ကျွန်မတို့ကို လူတွေအဖြစ် ပြောင်းလဲစေပုံကို နားလည်ဖို့ ကြိုးစားခဲ့တယ်၊
0:43 ဒီတော့ ဖန်ပြင်တစ်ခုရှေ့မှာ ထိုင်တာက
0:45 ဘာကြောင့် ကျွန်မတို့ကို နွမ်းနယ်စေတာလဲ ဆိုတာကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တယ်။
0:50 စိတ်ပိုင်း သက်ရောက်မှုတွေအကြောင်း အားလုံးကြားဖူးကြမှာမို့ပါ။
0:54 ဒါပေမဲ့၊ ကျွန်မတို့ရဲ့ ရုပ်ပိုင်း ကျန်းမာရေးကကော။
0:57 ကျွန်မ အမြန် လေ့လာခဲ့သလိုပဲ၊
1:00 ဖန်ပြင်တွေကို ကြည့်တာက ကျွန်မတို့ရဲ့နေ့တွေကို သာမက၊
1:03 ခန္ဓာကိုယ်တွေကိုလည်း ပြန်လည်ပုံဖော်ပေးနေတယ်။
1:05 ဂျွန် ဟော့ကင်းက သုတေသီတွေရဲ့ အဆိုအရ၊
1:08 ပျမ်းမျှ ၁၉ နှစ်အရွယ်တစ်ယောက်က ပျမ်းမျှ ၆၀ အရွယ် တစ်ယောက်လောက်
1:11 နေ့စဉ် လှုပ်ရှားသွားလာကြတယ်။
1:13 လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း၊
1:14 လူငယ်တွေမှာ အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နှုန်းက နှစ်ဆတိုးလာတယ်။
1:18 အမေရိကန် လူကြီး ၄ ယောက်မှာ ၃ ယောက်က နာတာရှည် နာမကျန်းမှုတစ်ခုရှိတယ်၊
1:22 တော်တော်များများက ကြိုတင်ကာကွယ်လို့ရတာတွေပါ။
1:25 အနည်းဆုံး နာတာရှည် နာမကျန်းမှုတစ်ခုပါ။
1:27 WHO ကလည်း ဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုလို့ ဆိုတယ်။
1:30 သိပ်မဝေးတဲ့ ဆယ်စုနှစ် အကုန်မှာ၊ ဒီလူနေမှုပုံစံက နှလုံးရောဂါ၊
1:33 အဝလွန်တာနဲ့ ဆီးချိုလို ကြိုတင်ကာကွယ်နိုင်တဲ့
1:37 အခြေအနေသစ် သန်း ၅၀၀ အထိ
1:39 ဖြစ်ပေါ်စေနိုင်ပြီး အစိုးရတွေအတွက်
1:42 တစ်နှစ် ဒေါ်လာ ၂၇ ဘီလီယံခန့် ကုန်ကျစေမယ်လို့ ခန့်မှန်းကြတယ်။
1:46 စာရိုက်တာ၊ ဖုန်းပွတ်တာ၊ ဟိုဒီရွှေ့တာ၊ ထိုင်တာ။
1:51 ဒါက ကျွန်မတို့ရဲ့ ခေတ်သစ်ဘဝရဲ့ စည်းချက်ပါ။
1:54 ဒါပေမဲ့၊ ရှင်တို့တော့ မသိဘူး၊
1:55 ကျွန်မ ဖုန်းကို လွှင့်ပစ်လို့ မရဘူးလား။
1:57 ဒါကနေ အဆက်ဖြတ်လို့မရဘူး။
2:00 ဒါဆို ကျွန်မတို့ရဲ့ ကျန်းမာရေးကို တဖြည်းဖြည်း မထိခိုက်စေဘဲ ဘယ်လို ဆက်သွယ်နေနိုင်လဲ။
2:06 ဒီလူကို တွေ့လိုက်တဲ့အခါ၊ အဲဒီမေးခွန်းက
2:08 ကျွန်မ စိတ်ထဲမှာ ပေါ်လာတယ်။
2:10 Keith Diaz က Columbia University Medical Center က ရူပဗေဒပညာရှင်တစ်ယောက်ပါ၊
2:14 အခြေခံအနေနဲ့၊ သူက ထိုင်တာက
2:16 လူတွေကို မသတ်နိုင်အောင် အနည်းငယ် လှုပ်ရှားရင်း ရုန်းထွက်နိုင်ပုံကို
2:20 ရှာဖွေဖို့ သူ့ရဲ့ အလုပ်သက်တမ်း တစ်ခုလုံးကို ကုန်ဆုံးခဲ့တယ်။
2:23 ၂၀၂၂ ခုနှစ်မှာ အကြံကောင်းတစ်ခု ပေးတဲ့ လေ့လာမှုလေးတစ်ခုကို သူ ထုတ်ဝေခဲ့တယ်။
2:27 မိနစ် ၃၀ တစ်ခါ ၅ မိနစ်လောက် သိမ်မွေ့တဲ့ လှုပ်ရှားမှုက သိသာတဲ့ သက်ရောက်မှု
2:31 ရှိတာကို သူ တွေ့ရှိခဲ့တယ်။
2:33 ဒါက သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ကို လျှော့ချပေးတယ်။
2:37 နောက်ထပ် လေ့လာမှုတစ်ခုမှာ သူ တွေ့ရှိခဲ့တာက နေ့စဉ်
2:39 မိနစ် ၃၀ ထိုင်တာကို မိနစ် ၃၀ လှုပ်ရှားမှုနဲ့ ဖလှယ်ကြတဲ့ မလှုပ်ရှားတဲ့ လူတွေက
2:43 အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ၁၈% လျော့နည်းနိုင်တာပါ။
2:48 “ဟုတ်တယ်၊ ငါ ဒီမနက် လေ့ကျင့်ခန်းလုပ်ခဲ့တယ်၊
2:50 ငါ ကျန်းမာနေတယ်” လို့ ပြောသလိုဖြစ်နိုင်တယ်။
2:53 ဒါမှမဟုတ် ဖြစ်လောက်တာက
2:54 “ဟူး၊ ငါ ဒီမတ်တတ် စားပွဲရလို့ အရမ်းဝမ်းသာတယ်။”
2:58 စိတ်မကောင်းပေမဲ့၊ မဟုတ်ဘူး။
3:02 (ရယ်သံများ)
3:03 နိုးနေချိန် အများစုမှာ ထိုင်နေ ဒါမှမဟုတ် မတ်တပ်ရပ်နေရင်၊
3:08 ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။
3:10 “လေ့ကျင်ခန်းလုပ်တာ မရပ်နဲ့” လို့ Keith က ပြောခဲ့ပေမဲ့၊
3:13 လုပ်ရမှာက ဒီကြာရှည် တစ်ဆက်တည်း
3:15 အထိုင်များတဲ့ ဖန်ပြင် အချိန်တွေကို ချိုးဖျက်ပစ်ဖို့လို့ ပြောခဲ့တယ်။
3:19 သူ ဒါကို ပြောတုန်းက၊ ကျွန်မက တကယ်လားပေါ့။
3:21 ဒီကိုယ်လက်လှုပ်ရှားချိန်တွေက ကျန်းမာတဲ့သူတစ်ယောက်အတွက်
3:24 ဘယ်လောက် ကြီးမားတဲ့ ခြားနားချက်ဖြစ်စေနိုင်လဲပေါ့။
3:26 ကျွန်မ လေ့လာမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
3:29 ဒါနဲ့ တစ်နေ့မှာ ကျွန်မ သူ့ရဲ့လက်တွေ့ခန်းကို သွားပြီး
3:31 ကျွန်မ လက်တော့ပ်ပေါ်မှာ ၈ နာရီ ဆက်တိုက် ထိုင်ပြီး အလုပ်လုပ်ခဲ့တယ်။
3:35 နောက်နေ့မှာ ဒီကိုယ်လက်လှုပ်ရှားချိန်တွေကို
3:38 နာရီဝက် တစ်ခါလောက် ယူခဲ့တယ်။
3:40 သူတို့က ကျွန်မရဲ့ အဓိက လက္ခဏာတွေအားလုံးကို
3:42 စစ်ဆေးခဲ့ပြီး ရလဒ်တွေက တကယ်ကို ထူးခြားပါတယ်။
3:45 ကျွန်မရဲ့ ဂလူးကို့စ် တစ်ဝက်နီးပါး လျော့ကျသွားခဲ့တယ်။
3:48 ကျွန်မရဲ့ သွေးပေါင်က ၅ မှတ်အထိ ကျဆင်းသွားပြီး
3:51 စိတ်ထားက အများကြီး ပိုကောင်းလာတယ်။
3:54 သိပ္ပံပညာက ရှင်းလင်းပေမဲ့၊
3:57 ဒီကိုယ်လက်လှုပ်ရှားချိန်တွေကို ဘယ်သူမှ တကယ် မလုပ်နိုင်ရင်၊ ဘာက အရေးပါတာလဲ။
4:01 လက်တွေ့ခန်းထဲမှာတော့ လွယ်သလိုပါ။
4:03 တစ်ယောက်ယောက်က ကျွန်မ ပုခုံးကို ဖွဖွပုတ်ပြီး ပြေးစက်ဆီ ခေါ်သွားတယ်။
4:06 ဒါကြောင့် ကမ္ဘာပေါ်မှာ၊ လက်တွေ့ အပြင်မှာ လုပ်နိုင်လားဆိုတာ သိဖို့
4:11 လူတွေကို မေးကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။
4:13 NPR နဲ့ ကိုလံဘီယာက ကျွန်မတို့အဖွဲ့တွေက ပေါ့ဒ်ကာ့စ်တစ်ခု ဖန်တီးဖို့နဲ့ Body Electric study ဆိုတဲ့
4:18 ကမ္ဘာလုံးဆိုင်ရာ စမ်းသပ်မှု လုပ်ဖို့ အင်အားတွေကို ပေါင်းစည်းခဲ့တယ်။
4:21 လူပေါင်း ၂၀၀၀၀ ကျော် စာရင်းပေးတယ်။
4:24 ကျွန်မတို့က လူပေါင်း ၂၀၀၀၀ အထိ ကန့်သတ်ခဲ့ရပြီး
4:27 သူတို့က လှုပ်ရှားမှု ပမာဏကို ရွေးနိုင်တော့
4:29 နာရီဝက်တစ်ခါ ၅ မိနစ်၊ ၁ နာရီ ဒါမှမဟုတ်
4:31 ၂နာရီတစ်ခါ ၅ မိနစ် လှုပ်ရှားလို့ရတယ်။
4:34 သူတို့ အိမ်အနီးမှာ ကခုန်လို့ရတယ်၊
4:36 ဖုန်းခေါ်ရင်း လမ်းလျှောက်လို့ရတယ်၊
4:38 ခွေးနဲ့ လမ်းလျှောက်လို့ရတယ်၊ အမှိုက် ပစ်လို့ရတယ်၊
4:40 ဒါက အရေးမကြီးဘူး။
4:42 သူတို့က ဒါကို အဆက်ဖြတ်ဖို့
4:43 ကြာရှည် ထိုင်တာကို အဆက်ဖြတ်ဖို့ပဲလိုတာပါ။
4:46 ရှင်တို့တွေ၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားမိတယ်။
4:49 ကျွန်မက လှုပ်ရှားမှု အခိုက်အတန့်တစ်ခုကို စတင်တော့မယ်။
4:54 ကျွန်မက စကားအရတေ့ ပြောတတ်တယ်။
4:56 (ရယ်သံများ)
4:57 ဒါပေမဲ့၊ ကျွန်မ လိမ်မှာမဟုတ်ဘူး၊ အဲဒီပထမရက် အနည်းငယ်က အတော် ခက်ခဲတယ်။
5:02 ဖန်ပြင်တွေနဲ့ ထိုင်ခုံတွေပတ်လည်မှာ
5:04 တကယ် တည်ဆောက်ထားတဲ့
5:05 ကမ္ဘာတစ်ခုကို ပြောင်းပြန်လှန်ဖို့က ရည်ရွယ်ချက် များများနဲ့ ပုန်ကန်မှု နည်းနည်း လိုအပ်တယ်။
5:11 ဒါပေမဲ့ လူတွေက ဒါကို သိမြင်လာတဲ့အခါ၊
5:13 သူတို့ဘဝထဲမှာ ဒီအနားပေးချိန်တွေ ရလာတဲ့အခါ၊
5:17 အောင်မြင်မှုတွေ စတင်ရလာကြတယ်။
5:18 သူတို့က နာကျင်မှု ပိုနည်းလာတယ်လို့ ပြောပြတယ်။
5:21 သူတို့မှာ စွမ်းအင်ပိုရှိခဲ့တယ်လို့ ပြောပြတယ်။
5:24 ယေဘုယျအနေနဲ့၊ သူတို့က ဘဝနဲ့ပတ်သက်ပြီး ပိုအကောင်းမြင်တယ်လို့ ပြောကြတယ်။
5:28 အဆုံးမှာတော့၊ ကိုယ်လက်လှုပ်ရှားချိန်တွေကို စတင်ခဲ့သူတွေရဲ့ ၈၀% က
5:32 ဒါတွေကို နှစ်ပတ်တိတိ ကြာအောင် စွဲစွဲမြဲမြဲ လုပ်နိုင်ခဲ့ကြတယ်။
5:35 ဟုတ်ပါတယ်၊ ဒါက အလွန် တက်ကြွတဲ့ ပါဝင်သူတွေ
5:38 အများကြီးပါတဲ့ ကိုယ်တိုင် အစီရင်ခံတဲ့ လေ့လာမှုတစ်ခုပါ။
5:41 မင်္ဂလာပါ၊ ပြည်သူ့ရေဒီယို။
5:42 ဒါပေမဲ့၊ မကြာခဏထက်
5:44 ပိုပြီး အနားပေးလေ၊ နေလို့ထိုင်လို့ ပိုကောင်းလေဆိုတာကို
5:48 ဒေတာတွေက ပြသခဲ့တာပါ။
5:49 အပြင်ထွက်တဲ့လူတွေက အပို တိုးမြင့်မှုတစ်ခု ရတယ်။
5:52 တချို့မှာ ဒီကုသရခက်တဲ့ ပေါင်ချိန်အနည်းငယ် ကျသွားခဲ့ပြီး
5:55 အများစုက အနားပေးချိန်တွေကို တကယ် နှစ်သက်ကြတယ်။
5:59 ဒါပေမဲ့၊ ကျွန်မ အံ့အားအသင့်ဆုံးက
6:00 နားချိန်တွေတွေက သူတို့ရဲ့ ထုတ်လုပ်အားကို မထိခိုက်စေခဲ့တာပါ။
6:04 လူတွေက သူတို့ စားပွဲဆီကို ပြန်လာပြီး အာရုံစူးစိုက်နိုင်တယ်၊
6:08 လုပ်တဲ့ အလုပ်က တကယ် အရည်အသွေး ပိုကောင်းတယ်လို့ ခံစားမိတယ်လို့ ပြောကြတယ်။
6:12 ဒီတော့၊ ဒီသုတေသနက သိပ္ပံနည်းကျ လုပ်ငန်းစဉ်ကို ဖြတ်သန်းနေတာပါ။
6:16 ဒါပေမဲ့၊ ဒီသိမ်မွေ့တဲ့ နားချိန်တွေက သာမန်ထက်ပိုကြီးတဲ့
6:19 သက်ရောက်မှုတစ်ခု ရှိနိုင်တဲ့ အကြောင်းရင်းတချို့ကို Keith က ရှင်းပြခဲ့တယ်။
6:22 ဒီတော့ ကျွန်မတို့ ထိုင်တဲ့အခါ၊
6:24 သွေးလွှတ်ကြောတွေက တင်ပါးနဲ့ ဒူးတွေမှာ ကွေးသွားတယ်၊
6:27 တွန့်ခေါက်နေတဲ့ ဖုန်စုပ်ပိုက်တစ်ခုလိုပါ။
6:29 ခြေထောက်တွေမှာ သွေး စတင်စီးဆင်းလာပြီး ကြွက်သားတွေ ကျုံ့တာက ရပ်တန့်သွားတယ်။
6:34 ဒါပေမဲ့၊ ခြေထောက် ကြွက်သားတွေက အဆီနဲ့ သကြားကို
6:36 ရှင်းထုတ်ပြီး သွေးပေါ်ကို လျှော့ချဖို့ လှုပ်ရှားဖို့၊ နှိုးဆွဖို့ လိုအပ်တယ်။
6:41 ဒီလိုမှမဟုတ်ရင်၊ လတွေ၊နှစ်တွေ ကြာလာတာနဲ့၊
6:44 အဲဒီနာတာရှည်အခြေနေတွေက ဖြစ်ပေါ်လာနိုင်တယ်။
6:47 ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ဟန်အနေအထားလည်း ရှိတယ်။
6:49 ထိုင်တာက ရင်ဝမ်းခြားကြွက်သားကို ဖိထားတယ်။
6:52 ကျွန်မတို့ အသက် ညင်းညင်းရှူလာတယ်။
6:54 အသက် ညင်းညင်းရှူတာက သွေနဲ့ ဦးနှောက်အထိ အောက်ဆီဂျင် အရောက်နည်းသွားစေတယ်။
6:59 ဦးနှောက်မှာ အောက်ဆီဂျင်နည်းတာက မောပန်းပြီး အာရုံစူးစိုက်မှု ဆုံးရှုံးစေတယ်။
7:03 ဆန္ဒရှိရင်၊ ချက်ချင်း လွတ်လွတ်လပ်လပ် အသက်ပြင်းပြင်း ရှူလိုက်ကြပါ။
7:07 ဒါက ဖန်ပြင်တွေက ပုံရိပ်အဖြစ် ပြောင်းသွားတဲ့ နေရာပါ။
7:10 ဒီတော့ ဖန်ပြင်တွေက interoception လို့ ခေါ်တာတစ်ခုနဲ့ ရှုပ်သွားနိုင်တယ်။
7:14 interoception ခန္ဓာကိုယ်က လိုအပ်တာတွေကို ပြောပြတဲ့ နည်းလမ်းပါ။
7:18 ဒါက သရေစာ လိုတယ်၊
7:19 သန့်စင်ခန်းသွားဖို့ လိုတယ်၊ လှုပ်ရှားဖို့ လိုတယ်။
7:22 ဖန်ပြင်တွေကို ပိုအာရုံစိုက်လေလေ၊
7:24 ခန္ဓာကိုယ်က ကျွန်မတို့ဆီ ပို့ပေးတဲ့ အချက်ပြမှုတွေကို နားမထောင်လေလေပါ။
7:28 ခန္ဓာကိုယ်က အနားပေးဖို့ တောင်းခံနေနိုင်ပေမဲ့၊
7:31 ရှင်တို့က ဘာလုပ်ကြလဲ။
7:32 ရှင်တို့က ပူပန်မှုကို ဖြတ်ကျော်ကာ ဆက်ရွှေ့နေတယ်၊
7:35 ပင်ပန်းမှုကို ဖြတ်ကျော်ကာ ဆက်ရွှေ့နေတယ်။
7:38 ဒါက နောက်ဆုံးမှာ ချုံးချုံးကျတာကို ဖြစ်စေနိုင်ပါတယ်။
7:41 ထပ်ပြောရရင်၊ ဒီနာတာရှည် အခြေအနေတွေပါ။
7:44 ဒါဆို နေထိုင်လို့ ပိုကောင်းအောင် ဘယ်လိုစပြီး ပြောင်းလဲနိုင်လဲ။
7:49 ကောင်းပြီ၊ ပထမဆုံး၊ ရှင်တို့ရဲ့ ဆက်တိုက် အထိုင်များဆုံး အချိန်တွေကို စဉ်းစားပြီး
7:53 ကိုယ်ပိုင် မန္တန်တစ်ခု ဖန်တီးပါ။
7:55 ဒီတော့၊ ကိုယ်က ကျောင်းသားတစ်ယောက်ဆိုရင်၊
7:57 " TikTok ကို ကြည့်မယ့်အစား၊ ဦးနှောက်ထဲမှာ အောက်ဆီဂျင် ပိုရရှိပြီး စာသင်ချိန်ကို
8:02 တကယ် အာရုံစိုက်နိုင်အောင် အတန်း မစခင်၊ စိတ်အေးလက်အေး လမ်းလျှောက်မယ်။”
8:07 ဒါမှမဟုတ် အိမ်ကနေ အလုပ်လုပ်ရင်၊ ရှည်ကြာတဲ့ Zoom ခေါ်ဆိုမှုမှာ ဆုံးဖြတ်နိုင်တာက
8:10 “ဂလူးကို့စ်ကို စီမံဖို့နဲ့ အစည်းအဝေးအပြီး ပင်ပန်းမှု ကို ရှောင်ဖို့
8:14 နေရာ မရွှေ့ဘဲ ခြေဆန့်၊လက်ဆန့် လုပ်မယ်”ပေါ့။
8:16 မိဘတစ်ယောက်ဆိုရင်၊
8:18 “ညစာစားချိန် ကမောက်ကမတွေကို ကျော်ဖြတ်ဖို့
8:20 စွမ်းအင် အလုံအလောက်ရှိအောင် ဘောလုံးကွင်းကို တစ်ပတ်လောက် ပတ်လိုက်မယ်“ပေါ့။
8:25 ဟင်းကျန်တွေကို နွှေးရင်း ကပွဲတစ်ပွဲလုပ်နိုင်တယ်။
8:28 လေယာဉ်ကို ထိုင်စောင့်နေတာအစား၊ နားနေဆောင်မှာ လှည့်ပတ်သွားလို့ရတယ်။
8:33 ဒီအလေ့အကျင့်တွေ အားလုံးကို အရောအနှောက ကြွက်သားတွေကို ဆက်နိုးကြွပြီး
8:37 စိတ်ထားကို ပိုတည်ငြိမ်စေမှာပါ။
8:39 ကျွန်မ အနှစ်သက် ဆုံးဇာတ်လမ်းက HR မှာ အလုပ်လုပ်တဲ့ ၄၃ နှစ်အရွယ်
8:42 ဒါနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆီက လာတာပါ။
8:44 ဒါနာက ကျန်းမာရေး ပြဿနာ မျိုးစုံရှိတဲ့ အမျိုးအစား-၂ ဆီးချိုရောဂါသည်ပါ။
8:48 ဆရာဝန်က သူ့ကို မနက်တိုင်း ခပ်မြန်မြန် ကြာကြာ လမ်းလျှောက်ဖို့ လိုတယ်လို့ပြောပြီး
8:52 သူက ဒါကို လုပ်နေပေမဲ့၊ နံပါတ်တွေက ပြောင်းလဲမသွားဘူး။
8:55 သူက ဆရာဝန် ခွင့်ပြုချက်နဲ့ လေ့လာမှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
8:58 သူက တွေ့ဆုံပွဲ အားလုံးကြားက ကိုယ်လက်လှုပ်ရှားချိန်တွေမှာ အံကျဖြစ်လာကာ
9:02 ရက်သတ္တပတ် အနည်းငယ်အတွင်း
9:03 သွေးပေါင် အမှတ် ၄၀ ကျဆင်းကာ ကိုလက်စထရော
9:07 ကျသွားတယ်လို့ ပြောပြခဲ့ပြီး
9:09 ဆရာဝန်က အင်ဆူလင် ကျလာတယ်လို့ သူ့ကို ပြောပြခဲ့တယ်။
9:13 တကယ်ဆို ဒီနေ့ သူ ဒီဆေးတွေ မသောက်ရတော့ဘူ။
9:16 ဒါနာ၊ ကျွန်မတို့ ရှင့်ကို ချစ်တယ်၊ ဒါနာ။
9:18 (လက်ခုပ်သံများ)
9:20 ဒီတော့ အွန်လိုင်းမှာ အချိန်များလွန်းတာက ကျွန်ုမတို့ရဲ့ စိတ်ကျန်းမာရေးအတွက် မကောင်းတာကို သိကြပါတယ်။
9:25 ဒါပေမဲ့၊ ဒါက ခေါင်းထဲမှာတင်မဟုတ်ဘူး၊ ခန္ဓာကိုယ်ထဲမှာရောပါ။
9:30 ဖန်ပြင်တွေလိုပဲ၊ လှုပ်ရှားမှုကို ဘဝရဲ့ အစိတ်အပိုင်း များများဖြစ်ဖို့ လိုအပ်တယ်။
9:35 လှုပ်ရှားဖို့ အချိန်နဲ့ နေရာ ပေးဖို့ ကျောင်းတွေ၊
9:38 ရပ်ကွက်တွေ၊ အလုပ်ခွင်တွေ လိုအပ်တယ်။
9:40 ဒီပြင်ဆင်သတ်မှတ်မှုကို ရှေ့ဆက်ဖို့ ရှင်တို့ ကူညီနိုင်တယ်။
9:44 ကိုယ်လက်လှုပ်ရှားချိန်တွေ ယူပါ၊
9:46 လူတွေက ကိုယ့်ကို ထူးဆန်းသလို ကြည့်နေတဲ့အခါ၊
9:48 လုပ်နေတာရဲ့ အကြောင်းရင်းကို ပြောပြပါ။
9:50 ကိုယ်က နည်းနည်း ပိုနေထိုင်ကောင်းချင်တာကိုး။
9:52 သူတို့ကို ဖုန်းချခိုင်းပြီး အတူ ပါဝင်ခိုင်းလိုက်ပါ။
9:55 မကြာခင် စတင်ပါ၊ သေးသေးလးကနေ စတင်ပါ။
9:58 အခုပဲ စသင့်သလား။
10:00 ဟုတ်ပါတယ်၊ တီးလုံး ဖွင့်ပေးလို့ရလား။
10:03 ရှင်တို့ လုပ်လို့ရတယ်၊
10:05 ချီတက်လို့ ရတယ်။
10:07 မကြွတကြွ လှမ်းလို့ရတယ်။
10:10 မထနိုင်ရင် လက်လေးတွေ လေထဲ မြှောက်လိုက်ပါ။
10:13 ဒါကို ခံစားပါ။
10:14 ရှင်တို့ နိုးကြားနေတယ်။
10:16 ရှင်တို့ အသက်ဝင်နေတယ်။
10:26 အားလုံးကို ချစ်တယ်နော်။
10:28 (လက်ခုပ်၊ ဩဘာသံများ)