Looks aren't everything. Believe me, I'm a model. | Cameron Russell | TED
TED
0:00 Translator: Aung Min Reviewer: sann tint
0:15 မင်္ဂလာပါ။ ကျွန်မကတော့ ကင်မရွန် ရာဆယ်လ်ပါ။
0:18 လွန်ခဲ့တဲ့ကာလတောအတွင်း
0:22 ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။
0:24 တကယ်တော့ ၁၀နှစ်ရှိပါပြီ။
0:28 အခု အခန်းထဲမှာ
0:30 ကျွန်မ စိတ်ကျဉ်းကျပ်သလိုခံစားနေရပါတယ်။
0:33 ဘာလို့လဲဆိုတော့ ဒီဝတ်စုံကိုဝတ်ခဲ့မိလို့ပါ။
0:35 (ရယ်သံများ)
0:37 ကံကောင်းတာက လဲဖို့အဝတ်တစ်စုံပါလာပါတယ်။
0:39 ဒါပထမဆုံး Ted စင်ပေါ်မှာ အဝတ်လဲတာဖြစ်ပါတယ်။
0:41 ရှင်တို့တွေ ကိုယ်တိုင် မြင်တွေ့ရလောက်အောင်
0:44 ကံကောင်းတယ်လို့ ကျွန်မထင်ပါတယ်။
0:46 တကယ်လို့ တချို့အမျိုးသမီးတွေ ထိတ်လန့်နေခဲ့ရင်
0:49 ကျွန်မကို အခုပြောပြစရာမလိုပါဘူး၊ Twitter ပေါ်မှာ ကျွန်မကိုယ်တိုင် ရှာတွေ့ပါလိမ့်မယ်။
0:52 (ရယ်သံများ)
0:57 ရှင်တို့ ကျွန်မအပေါ်မှာ ရှိတဲ့ထင်မြင်ချက်တွေကို
0:59 ဆယ်စက္ကန့်တိုအတွင်း ပြောင်းလဲနိုင်တဲ့ အထူးအခွင့်အရေးကို
1:02 ကျွန်မပိုင်ဆိုင်ထားတယ်ဆိုတာကို လည်း သတိထားမိပါတယ်။
1:05 လူတိုင်း ဒီလိုလုပ်ခွင့်မရှိကြဘူးလေ။
1:08 ဒီဒေါက်မြင့်စီးရတာ မသက်သာဘူး။ ကောင်းတာက ကျွန်မဆက်မစီးတော့ပါဘူး။
1:14 အဆိုးရွားဆုံးကတော့ ဒီဆွယ်တာကို စွပ်တဲ့အချိန်ပေါ့၊
1:16 ဘာလို့လဲဆိုတော့ ရှင်တို့က ရယ်ကြမှာလေ
1:18 ဒါကြောင့် ခေါင်းပေါ် ရောက်နေတုန်းလေး ဘာမှမလုပ်ကြနဲ့နော်။
1:23 ကောင်းပြီ။
1:26 ဒါဆို ကျွန်မ ဘာလို့အဲဒါကို လုပ်လိုက်တာပါလိမ့်။
1:28 ဟန်ပျက်လိုက်တာနော်။
1:30 (ရယ်သံများ)
1:32 ကောင်းပြီ..
1:33 (ရယ်သံများ)
1:35 အဲဒီပုံလောက်တော့ ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။
1:40 ရုပ်ပုံတွေက အစွမ်းထက်ပါတယ်
1:43 ဒါပေမဲ့လည်း ရုပ်ပုံတွေက အပေါ်ယံလေးကိုဘဲ ဖော်ပြတာပါ။
1:48 ရှင်တို့ကျွန်မအပေါ်ရှိတဲ့ ထင်မြင်ချက်ကို
1:49 ခြောက်စက္ကန့်အတွင်း လုံးဝပြောင်းလဲလိုက်ပါပြီ။
1:52 ပြီးရင် ဒီပုံရိုက်တုန်းက
1:54 တကယ့်အပြင်မှာ ကျွန်မရည်စားမရှိခဲ့ဖူးပါဘူး။
1:57 ကျွန်မ လုံးဝသက်တောင့် သက်သာလည်းမရှိပါဘူး။
1:59 ဓာတ်ပုံဆရာက ကျွန်မကို ခါးကော့ခိုင်းပြီး
2:02 အဲဒီကောင်လေးဆံပင်ထဲကို လက်ထိုးထည့်ခိုင်းပါတယ်။
2:06 ခွဲစိတ်တာနဲ့ နှစ်ရက်လောက်တုန်းက
2:08 ကျွန်မအလုပ်အတွက် အသားညိုအောင်လုပ်ခဲ့တာကလွဲရင်ပေါ့
2:11 ကျွန်မတို့ရုပ်ရည်ပြောင်းလဲအောင် လုပ်နိုင်တာဆိုလို့ နည်းနည်းလေးဘဲရှိပါတယ်။
2:15 ကျွန်မတို့ရုပ်ရည်က အပေါ်ယံလေးဘဲ မပြောင်းလဲနိုင်ဘူးဆိုပေမဲ့လည်း
2:18 ကျွန်မတို့ ဘဝအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိနေတယ်လေ။
2:23 ဒါကြောင့် ဒီနေ့ ကျွန်မအဖို့ ရဲရင့်ခြင်းဆိုတာ ရိုးသားခြင်းကိုဆိုလိုတာပါ။
2:27 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်နေလို့ပါ။
2:30 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မက လှပတဲ့လူဖြူအမျိုးသမီးဖြစ်နေလို့ပါ။
2:34 ကျွန်မတို့ လုပ်ငန်းခွင်မှာ လိင်ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးလို့ခေါ်ပါတယ်။
2:37 အခု ကျွန်မက လူတွေမေးနေကျ မေးခွန်းကိုဖြေသွားမှာပါ၊
2:40 ဒါပေမဲ့ ရိုးသားတဲ့လှည့်ကွက်လေးနဲ့ပေါ့။
2:41 ဒါဆို ပထမဆုံးမေးခွန်းကတော့ ရှင်က မော်ဒယ် ဘယ်လိုဖြစ်လာတာလဲ။
2:44 "အို ကျွန်မတော့ရွေးထုတ်ခံလိုက်ရတာပါ။"လို့ အမြဲတမ်းပြောတက်ပါတယ်။
2:46 ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး။
2:47 တကယ့် ဖြစ်လာပုံကတော့
2:50 ကျွန်မ မျိုးရိုးဗီဇထီပေါက်ခဲ့လို့ပါ။ ကျွန်မ ဒီအလှတရားအမွေကိုဆက်ခံရရှိခဲ့လို့ပါ။
2:54 ရှင်တို့ကတော့ အမွေဆက်ခံတယ်ဆိုတာ ဘာလဲလို့ သိချင်နေကြမှာပေါ့။
2:56 လွန်ခဲ့တဲ့ရာစုနှစ် အတော်လေး အတွင်း
2:59 အလှတရားကို ကျွန်မတို့တွေ ဇီဝနည်းကျကျ လျာထားခံရပြီး
3:03 အားကျခဲ့ရတဲ့ ကျန်းမာမှု၊ ငယ်ရွယ်မှု နဲ့ အချိုးကျမှုတင်မကပါဘူး
3:08 ရှည်လျားပိန်သွယ်ခြင်း နဲ့ မိန်းမဆန်ခြင်းရယ်
3:11 အသားရေဖြူခြင်းတို့ကိုပါ အလှတရားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
3:15 ဒါကတော့ ကျွန်မအတွက်ဖြစ်တည်လာတဲ့
3:17 ကျွန်မဆက်ခံရရှိလာတဲ့ မျိုးရိုးအမွေဖြစ်ပါတယ်။
3:19 ပရိတ်သတ်ထဲကတစ်ချို့တွေကတော့ ဒါနဲ့ပတ်သတ်ပြီး
3:21 သံသယဖြစ်ကြမယ်ဆိုတာ ကျွန်မသိပါတယ်။
3:23 ပြီးရင် တစ်ချို့ဖက်ရှင်ပညာရှင်တွေ ပြောကြမှပေါ့။
3:25 "နေပါဦး။ Naomi. Tyra. Joan Smalls. Liu Wen။"
3:28 ပထမဆုံး ရှင်တို့ရဲ့ မော်ဒယ်အသိပညာကို ချီးကျူးပါရစေ။ အထင်ကြီးလောက်ပါတယ်။
3:31 (ရယ်သံများ)
3:33 ဒါပေမဲ့ ကံမကောင်းစွာဘဲ ရှင်တို့ကို အသိပေးခြင်းတာက ၂၀၀၇ မှာ
3:36 အလွန်တက်ကြွတဲ့ NYU ပါရဂူ ကျောင်းသား တစ်ယောက်က
3:38 ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်တွေ အားလုံးကို ရေတွက်ကြည့်လိုက်ပါတယ်။
3:41 ခန့်အပ်ထားတဲ့ တစ်ယောက်ချင်းစီကိုပေါ့။
3:43 အဲဒီ ခန့်အပ်ထားတဲ့ ၆၇၇ ယောက်ထဲမှာ
3:46 ၂၇ယောက် ၄%အောက်က လူဖြူမဟုတ်ပါဘူး။
3:50 လူတွေမေးနေကျ နောက်မေးခွန်းတစ်ခုကတော့
3:52 "ကျွန်မကြီးလာရင် မော်ဒယ်လုပ်လို့ရလား"ပါ။
3:54 ပထမအဖြေကတော့ "မသိပါဘူး၊ ဒါကိုကြီးကြပ်ဖို့ ကျွန်မကို ခန့်အပ်ထားတာမဟုတ်ပါဘူး။"
3:58 ဒါပေမဲ့ ဒုတိယအဖြေ
3:59 ဒီကောင်မလေးတွေကိုပြောချင်တာက
4:02 "ဘာလို့လဲ။ မင်းသိလား။ မင်းဘာမဆိုဖြစ်နိုင်ဘဲလေ။
4:04 မင်း အမေရိကန်သမ္မတဖြစ်နိုင်တယ်၊
4:06 ဒါမှမဟုတ် အင်တာနက်ဒုတိယတီထွင်ရှင်
4:08 ဒါမှမဟုတ် ရင်ခေါင်းခွဲစိတ်တဲ့ နင်ဂျာကဗျာဆရာတစ်ယောက်
4:10 အဲဒါကတော့ပိုကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မင်းက ပထမဦးဆုံးဖြစ်မှာလေ။"
4:13 (ရယ်သံများ)
4:15 ဒီအံဖွယ်စာရင်းတွေကြားပြီးတာတောင်မှ သူတို့က ပြောမယ်ပေါ့
4:17 "မရဘူး မရဘူး ကင်မရွန်၊ ကျွန်မ မော်ဒယ်ဘဲဖြစ်ချင်တယ်။"
4:19 ဒါဆိုရင် ကျွန်မကပြောမှာပေါ့ "မင်းဘာသာဆုံးဖြတ်။"
4:21 ဘာလို့လဲဆိုတော့ ကျွန်မက ဘယ်အရာကိုမှ မကြီးကြပ်ဘူးလေ။
4:23 ရှင်က American Vogue ရဲ့ ခေါင်းဆောင်တည်းဖြတ်သူ
4:25 ဒါမှမဟုတ် H&M ရဲ့ CEO ဒါမှမဟုတ် ဒုတိယSteven Meisel ဖြစ်နိုင်ပါတယ်။
4:28 ရှင်ကြီးလာရင် မော်ဒယ်ဖြစ်ချင်တယ်လို့ ပြောတာဟာ
4:30 ကြီးလာရင် Powerball ထီပေါက်ချင်တယ်လို့ ပြောတာနဲ့တူပါတယ်။
4:34 အဲဒါကို ရှင်ထိန်းချုပ်မလို့ရဘူးလေ။ မိုက်လည်းမိုက်တယ်။
4:37 ပြီးရင် အလုပ်အကိုင်လည်းမဟုတ်ဘူး။
4:39 အခု ရှင်တို့ကို ကျွန်မရဲ့ ဆယ်နှစ်တာ မော်ဒယ်အတွေ့အကြုံကို တင်ပြပါမယ်။
4:43 ဘာလို့လဲဆိုတော့ ရင်ခေါင်း ခွဲစိတ်ဆရာဝန်တွေနဲ့ မတူတာက
4:45 ဒါက ခုဘဲ ထုတ်နုတ်တင်ပြလို့ရတယ်လေ။
4:48 တကယ်လို့ ဓာတ်ပုံဆရာက အဲမှာရှိတယ်။
4:51 မီးကအဲနားလေးမှာ HMI မီးလို့ပေါ့။
4:53 ဖောက်သည်က "လမ်းလျှောက်တဲ့ ပုံလေးလိုချင်တယ်" လို့ပြောရင်၊
4:55 ဒီခြေထောက်ကအရှေ့လှမ်းမယ် ရှည်ရှည်သွယ်သွယ်လေး၊ ဒီလက်မောင်း နောက်လွဲ၊ ဒီလက်မောင်း ရှေ့ကိုပေါ့။
4:58 ခေါင်းက လေးပုံသုံးပုံလောက်စောင်းလိုက်။ ပြီးရင်ရှေ့သွားနောက်ပြန်
5:01 အဲဒါကိုသာလုပ်လိုက်၊ ပြီးရင် စိတ်ကူးထဲက သူငယ်ချင်းကိုလှည့်ကြည့်လိုက်ပေါ့။
5:03 အကြိမ် ၃၀၀၊ ၄၀၀ ၊ ၅၀၀ လောက်။
5:06 (ရယ်သံများ)
5:08 ဒါလေးနဲ့တူပါလိမ့်မယ်။
5:10 (ရယ်သံများ)
5:12 အလယ်ကပုံလောက် ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။
5:15 အဲဒီမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။
5:17 ကံမကောင်းတာက ရှင်က ကျောင်းလည်းပြီးပြီ။
5:19 ကိုယ်ရေးအကျဉ်းလည်း ဖြည့်ပြီးပြီ။ အလုပ်အချို့ လုပ်ပြီးပြီဆိုရင်
5:22 ရှင် ဘာဆိုဘာကို မှပြောလို့မရတော့ပါဘူး။
5:24 တကယ်လို့ရှင်က အမေရိကန်သမ္မတဖြစ်ချင်တယ်
5:27 ကိုယ့်ရေးအကျဉ်းမှာက အတွင်းခံမော်ဒယ် အတွေ့အကြုံ - ၁၀နှစ်၊
5:29 လူတွေက ရှင်ကို အံသြစွာဘဲ ကြည့်ကြပါလိမ့်မယ်။
5:31 နောက်မေးခွန်းက "သူတို့ ဓာတ်ပုံအားလုံးကို ပြုပြင်လား"ပါ။
5:33 ဟုတ်ပါတယ်။ သူတို့တွေ ဓာတ်ပုံအားလုံး ပြန်ပြုပြင်ခဲ့တယ်။
5:35 ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာရဲ့ တစ်စိတ်တစ်ပိုင်းလေးဘဲ ရှိပါသေးတယ်။
5:39 ဒီပုံကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ကျွန်မပုံပါ။
5:42 ပြီးတော့ကျွန်မ ပထမဆုံးအကြိမ် ရေကူးဝတ်စုံဝတ်တာလည်းဖြစ်ပါတယ်။
5:44 ပြီးရင် ရာသီတောင်မလာသေးပါဘူး။
5:46 ကိုယ်ရေးကိုယ်တာ ပါလာတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ငယ်ပါသေးတယ်။
5:49 ဒါကတော့ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်မနဲ့ကျွန်မအဘွားပုံပါ။
5:54 ဒီပုံနှစ်ပုံကတော့ တစ်ရက်တည်းမှာ ရိုက်ထားတာပါ။
5:56 ကျွန်မသူငယ်ချင်းလည်းလာပါတယ်။
5:57 ဒါတော့ French Vogue အတွက် မရိုက်ခင် ရက်ပိုင်းတုန်းက ညအိပ်ဝတ်ပါတီပွဲမှာပါ။
6:01 ဒါကတော့ ဘောလုံးအသင်းနဲ့ V မဂ္ဂဇင်းမှာပေါ့။
6:06 ဒါကတော့ လက်တလောရိုက်ထားတာပါ။
6:07 ဒီပုံတွေက ကျွန်မမဟုတ်ဘူးဆိုတာ
6:09 ရှင်တို့မြင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။
6:11 သူတို့က တည်ဆောက်ထားတာတွေဖြစ်ပါတယ်။
6:13 သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ
6:16 ဆံသပညာရှင်၊ မိတ်ကပ်ပညာရှင် နဲ့ ဓာတ်ပုံပညာရှင် နဲ့ ဒီဇိုင်းပညာရှင်
6:19 လက်ထောက်တွေရဲ့ မထုတ်လုပ်ခင်နဲ့ ထုတ်လုပ်ပြီး တည်ဆောက်မှုတွေပါ။
6:22 သူတို့ ဒါကို တည်ဆောက်ထားတာပါ။
6:23 အဲဒါ ကျွန်မမဟုတ်ပါဘူး။
6:24 ကောင်းပြီ။ လူတွေ မေးတက်တဲ့ နောက်မေးခွန်းတစ်ခုကတော
6:27 "သင် လက်ဆောင်ပစ္စည်းတွေ အလကားရလား။" ပါ။
6:28 (ရယ်သံများ)
6:29 ကျွန်မ မှာ ဘယ်တော့မှစီးခွင့်မရတဲ့ ၈လက်မ ဒေါက်မြင့်တွေအများကြီးပါ။
6:32 စောစောတုန်းကဟာတော့ မပါဘူးပေါ့။
6:34 ဒါပေမဲ့ ကျွန်မ အလကားရတဲ့ အရာတွေက တကယ့်ဘဝမှာ အလကားရတဲ့အရာတွေဖြစ်ပါတယ်။
6:37 အဲဒါတွေက ကျွန်မတို့မပြောချင်တဲ့ အရာတွေလည်းဖြစ်ပါတယ်။
6:40 ကျွန်မက Cambridge မှာ ကြီးပြင်းတာပါ။
6:41 တစ်နေ့ ကုန်စုံဆိုင်ကိုသွားတော့ ကျွန်မပိုက်ဆံ မေ့ကျန်ခဲ့ပါတယ်။
6:43 ဒါပေမဲ့ ကျွန်မ ဝတ်စုံကိုအလကားရခဲ့ပါတယ်။
6:46 ကျွန်မဆယ်ကျော်သက်တုန်းက ကားမောင်းကြမ်းတဲ့ ကျွန်မသူငယ်ချင်းနဲ့ကားစီးနေတာပါ။
6:49 သူက မီးနီကိုကျော်ပြီး မောင်းမိတဲ့အတွက်
6:51 အတားခံလိုက်ရပါတယ်။
6:52 နောက်ဆုံး "တောင်းပန်ပါတယ်။ ဆရာ" လို့ ပြောပြီး ပြန်မောင်းထွက်လာခဲ့ပါတယ်။
6:57 ဒါတွေကို ကျွန်မဘယ်သူလဲဆိုတာထက် ကျွန်မရုပ်ရည်ကြောင့် အလကားရတာပါ။
7:01 ဒါပေမဲ့ လူတွေက သူတို့ဘယ်သူလဲဆိုတာထက်
7:03 သူတို့ရုပ်ရည်ကြောင့် တန်ကြေးတွေ ပေးနေရတယ်လေ။
7:05 ကျွန်မ နယူးယောက်မှာ နေတာပါ။ ပြီးခဲ့နှစ်က
7:07 အဖမ်းခံပြီးအစစ်ဆေးခံလိုက်ရတဲ့ ဆယ်ကျော်သက် ၁၄၄၀၀၀ ယောက် ထဲက
7:11 ၈၆%က လက်တင်နဲ့လူမည်းကလေးတွေဖြစ်ပါတယ်။ သူတို့တွေအများစုက လူငယ်တွေပါ။
7:15 နယူးယောက်မှာက လူမည်းနဲ့ လက်တင်လူငယ်တွေ ၁၇၇၀၀၀ သာရှိတာပါ။
7:19 ဒါကြောင့် သူတို့အတွက်ကတော့ "ငါအဖမ်းခံရမလား"ဆိုတာထက်
7:22 "ငါ ဘယ်နှစ်ကြိမ် အဖမ်းခံရမလဲ" "ဘယ်အချိန် အဖမ်းခံရမလဲ" က တကယ့်မေးခွန်းတွေပါ။
7:25 ကျွန်မ ဒီဟောပြောပွဲအတွက် လေ့လာနေတုန်း
7:27 အမေရိကန်မှာ အသက် ၁၃ နှစ် မိန်းကလေးတွေထဲမှာမှ
7:30 ၅၃%က သူတို့ခန္ဓာကိုယ်ကို မနှစ်သက်ကြပါဘူးဆိုတာ သိရှိလိုက်ရပါတယ်။
7:33 အဲအရေအတွက် သူတို့ ၁၇နှစ် ရောက်တဲ့အချိန် ၇၈%အထိ မြင့်တက်သွားပါတယ်။
7:37 နောက်ဆုံးမေးခွန်းကတော့
7:40 "မော်ဒယ်တစ်ယောက် ဖြစ်တာဘယ်လိုပါလဲ" ပါ။
7:41 ကျွန်မထင်တာတော့ သူတို့လိုချင်တဲ့အဖြေက
7:44 "တကယ်လို့ သင်က နည်းနည်းပိုပိန်မယ် ဆံပင်က ပိုတောက်ပမယ်ဆိုရင်
7:47 တော်တော်ပျော်ပြီး ဝမ်းသာမယ်ပေါ့။"
7:49 ကျွန်မတို့ စင်နောက်ဘက်ရောက်ရင်
7:51 ဒီလိုအဖြေမျိုး ပေးတက်ကြပါတယ်။
7:54 "ခရီးထွက်ရတာကောင်းပါတယ် ပြီးရင် စိတ်အားထက်သန် တက်ကြွပြီး
7:57 ထိုးထွင်းဉာဏ်ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ရတဲ့လည်း ကောင်းပါတယ်။"ပေါ့။
8:00 ဒါတွေက မှန်တယ်ဆိုပေမဲ့လည်း တကယ့်အဖြေရဲ့ တစ်ဝက်ဘဲရှိပါသေးတယ်။
8:03 ဘာလို့လဲဆိုတော့ ကျွန်မတို့ ကင်မရာရှေ့မှာ
8:05 ကျွန်မ ကင်မရာရှေ့မှာ ဘယ်တော့မှ မပြောတာက
8:08 "ကျွန်မ စိတ်မလုံခြုံပါဘူး" ဖြစ်ပါတယ်။
8:10 ဘာလို့လဲဆိုတော့ နေ့တိုင်း ကျွန်မကြည့်ရတာ ဘယ်လို့လဲဆိုတာကို စဉ်းစားနေရလို့ပါ။
8:15 တကယ့်လို့ ရှင်က
8:18 "ငါသာ သွယ်လျတဲ့ပေါင်တံ တောက်ပတဲ့ဆံပင်ကို ပိုင်ဆိုင်ခဲ့ရင် ပိုပျော်မလား" သိချင်ရင်
8:22 ရှင်က မော်ဒယ်အုပ်စုတစ်စုကို တွေ့ဆုံဖို့ဘဲလိုတာပါ။
8:24 သူတို့က အပိန်သွယ်ဆုံးပေါင်တံ၊ အတောက်ပဆုံး ဆံပင် နဲ့ အမိုက်စားဝတ်စုံ ကိုပိုင်ကြတယ်လေ
8:27 သူတို့က ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
8:32 ကျွန်မ ဒီဟောပြောပွဲအတွက် စာရေးနေတုန်း
8:33 ရိုးသားတဲ့ မျှခြေထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုတာ သတိထားမိပါတယ်။
8:36 ဘာလို့လဲဆိုတော့ တစ်ဖက်မှာ
8:38 ဒီကိုလာပြီး "ကြည့်ပါဦး ကျွန်မ ဒီကောင်းကျိုးတွေကို
8:40 အံဆွဲတစ်ခုထဲက ရခဲ့တာပါ"လို့ ပြောရင် စိတ်မလုံမလဲ ဖြစ်မှာပါ။
8:44 ပြီးရင်အဲဒါကြောင့်လည်း ကျွန်မအမြဲတမ်းမပျော်ပါဘူး
8:47 ဆက်ပြောဖို့ဆိုတာလည်း မလွယ်လှပါဘူး။
8:49 ဒါပေမဲ့ ကျွန်မက အကျိုးခံစားရသူ တစ်ယောက်ဖြစ်နေတဲ့အချိန်မှာ
8:54 ကျားမဆိုင်ရာနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုတာ အခက်ခဲဆုံးပါ။
8:59 ဒါပေမဲ့ ကျွန်မဒီမှာ တက်ခွင့်ရတဲ့အတွက် ပျော်ပါတယ် ဂုဏ်ယူပါတယ်။
9:01 ဒီကို လာခွင့်ရတဲ့အတွက် ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။
9:04 နှစ် ၁၀၊ ၂၀ နှင့် ၃၀ မကုန်ခင်လေးနဲ့ ကျွန်မ အလုပ်ထဲမှာ ကုမ္ပဏီတွေပိုမရခင်လေးပေါ့။
9:08 ဘာလို့လဲဆိုတော့ အဲကျရင် ကျွန်မ ပထမအလုပ် ဘယ်လို့ရခဲ့လဲဆိုတာကို ပြောတော့မှာမဟုတ်ဘူးလေ။
9:11 ကျွန်မ ကောလိပ်အတွက် ငွေဘယ်လို့ရှာခဲ့တယ် ဆိုတာ ပြောတော့မဟုတ်ဘူးလေ။
9:14 ဒါတွေက အရမ်းအရေးကြီးတဲ့အရာတွေကိုး။
9:17 ဒီဟောပြောပွဲအတွက် ရစေချင်တဲ့အနှစ်သာရကတော
9:19 ကျွန်မတို့ အားလုံး နားလည်ထားတဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ်
9:22 ရုပ်ပုံတွေရဲ့အစွမ်း ကို အသိမှတ်ပြုဖို့
9:26 သက်တောင့်သက်သာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
9:28 ကျေးဇူးတင်ပါတယ်။
9:30 (လက်ခုပ်သံများ)