Looks aren't everything. Believe me, I'm a model. | Cameron Russell | TED

Looks aren't everything. Believe me, I'm a model. | Cameron Russell | TED

TED

0:00 Translator: Aung Min Reviewer: sann tint

0:15 မင်္ဂလာပါ။ ကျွန်မကတော့ ကင်မရွန် ရာဆယ်လ်ပါ။

0:18 လွန်ခဲ့တဲ့ကာလတောအတွင်း

0:22 ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။

0:24 တကယ်တ​ော့ ၁၀နှစ်ရှိပါပြီ။

0:28 အခု အခန်းထဲမှာ

0:30 ကျွန်မ စိတ်ကျဉ်းကျပ်သလိုခံစားနေရပါတယ်။

0:33 ဘာလို့လဲဆိုတော့ ဒီဝတ်စုံကိုဝတ်ခဲ့မိလို့ပါ။

0:35 (ရယ်သံများ)

0:37 ကံကောင်းတာက လဲဖို့အဝတ်တစ်စုံပါလာပါတယ်။

0:39 ဒါပထမဆုံး Ted စင်ပေါ်မှာ အဝတ်လဲတာဖြစ်ပါတယ်။

0:41 ရှင်တို့တွေ ကိုယ်တိုင် မြင်တွေ့ရလောက်အောင်

0:44 ကံကောင်းတယ်လို့ ကျွန်မထင်ပါတယ်။

0:46 တကယ်လို့ တချို့အမျိုးသမီးတွေ ထိတ်လန့်နေခဲ့ရင်

0:49 ကျွန်မကို အခုပြောပြစရာမလိုပါဘူး၊ Twitter ပေါ်မှာ ကျွန်မကိုယ်တိုင် ရှာတွေ့ပါလိမ့်မယ်။

0:52 (ရယ်သံများ)

0:57 ရှင်တို့ ကျွန်မအပေါ်မှာ ရှိတဲ့ထင်မြင်ချက်တွေကို

0:59 ဆယ်စက္ကန့်တိုအတွင်း ပြောင်းလဲနိုင်တဲ့ အထူးအခွင့်အရေးကို

1:02 ကျွန်မပိုင်ဆိုင်ထားတယ်ဆိုတာကို လည်း သတိထားမိပါတယ်။

1:05 လူတိုင်း ဒီလိုလုပ်ခွင့်မရှိကြဘူးလေ။

1:08 ဒီဒေါက်မြင့်စီးရတာ မသက်သာဘူး။ ကောင်းတာက ကျွန်မဆက်မစီးတော့ပါဘူး။

1:14 အဆိုးရွားဆုံးကတော့ ဒီဆွယ်တာကို စွပ်တဲ့အချိန်ပေါ့၊

1:16 ဘာလို့လဲဆိုတော့ ရှင်တို့က ရယ်ကြမှာလေ

1:18 ဒါကြောင့် ခေါင်းပေါ် ရောက်နေတုန်းလေး ဘာမှမလုပ်ကြနဲ့နော်။

1:23 ကောင်းပြီ။

1:26 ဒါဆို ကျွန်မ ဘာလို့အဲဒါကို လုပ်လိုက်တာပါလိမ့်။

1:28 ဟန်ပျက်လိုက်တာနော်။

1:30 (ရယ်သံများ)

1:32 ကောင်းပြီ..

1:33 (ရယ်သံများ)

1:35 အဲဒီပုံလောက်တော့ ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။

1:40 ရုပ်ပုံတွေက အစွမ်းထက်ပါတယ်

1:43 ဒါပေမဲ့လည်း ရုပ်ပုံတွေက အပေါ်ယံလေးကိုဘဲ ဖော်ပြတာပါ။

1:48 ရှင်တို့ကျွန်မအပေါ်ရှိတဲ့ ထင်မြင်ချက်ကို

1:49 ခြောက်စက္ကန့်အတွင်း လုံးဝပြောင်းလဲလိုက်ပါပြီ။

1:52 ပြီးရင် ဒီပုံရိုက်တုန်းက

1:54 တကယ့်အပြင်မှာ ကျွန်မရည်စားမရှိခဲ့ဖူးပါဘူး။

1:57 ကျွန်မ လုံးဝသက်တောင့် သက်သာလည်းမရှိပါဘူး။

1:59 ဓာတ်ပုံဆရာက ကျွန်မကို ခါးကော့ခိုင်းပြီး

2:02 အဲဒီကောင်လေးဆံပင်ထဲကို လက်ထိုးထည့်ခိုင်းပါတယ်။

2:06 ခွဲစိတ်တာနဲ့ နှစ်ရက်လောက်တုန်းက

2:08 ကျွန်မအလုပ်အတွက် အသားညိုအောင်လုပ်ခဲ့တာကလွဲရင်ပေါ့

2:11 ကျွန်မတို့ရုပ်ရည်ပြောင်းလဲအောင် လုပ်နိုင်တာဆိုလို့ နည်းနည်းလေးဘဲရှိပါတယ်။

2:15 ကျွန်မတို့ရုပ်ရည်က အပေါ်ယံလေးဘဲ မပြောင်းလဲနိုင်ဘူးဆိုပေမဲ့လည်း

2:18 ကျွန်မတို့ ဘဝအပေါ်ကြီးမားတဲ့ သက်ရောက်မှုရှိနေတယ်လေ။

2:23 ဒါကြောင့် ဒီနေ့ ကျွန်မအဖို့ ရဲရင့်ခြင်းဆိုတာ ရိုးသားခြင်းကိုဆိုလိုတာပါ။

2:27 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မ မော်ဒယ်တစ်ယောက်ဖြစ်နေလို့ပါ။

2:30 ကျွန်မ စင်ပေါ်ရောက်တဲ့အကြောင်းရင်းက ကျွန်မက လှပတဲ့လူဖြူအမျိုးသမီးဖြစ်နေလို့ပါ။

2:34 ကျွန်မတို့ လုပ်ငန်းခွင်မှာ လိင်ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးလို့ခေါ်ပါတယ်။

2:37 အခု ကျွန်မက လူတွေမေးနေကျ မေးခွန်းကိုဖြေသွားမှာပါ၊

2:40 ဒါပေမဲ့ ရိုးသားတဲ့လှည့်ကွက်လေးနဲ့ပေါ့။

2:41 ဒါဆို ပထမဆုံးမေးခွန်းကတော့ ရှင်က မော်ဒယ် ဘယ်လိုဖြစ်လာတာလဲ။

2:44 "အို ကျွန်မတော့ရွေးထုတ်ခံလိုက်ရတာပါ။"လို့ အမြဲတမ်းပြောတက်ပါတယ်။

2:46 ဒါပေမဲ့ အဲဒါက ဘာမှမဟုတ်ပါဘူး။

2:47 တကယ့် ဖြစ်လာပုံကတော့

2:50 ကျွန်မ မျိုးရိုးဗီဇထီပေါက်ခဲ့လို့ပါ။ ကျွန်မ ဒီအလှတရားအမွေကိုဆက်ခံရရှိခဲ့လို့ပါ။

2:54 ရှင်တို့ကတော့ အမ​ွေဆက်ခံတယ်ဆိုတာ ဘာလဲလို့ သိချင်နေကြမှာပေါ့။

2:56 လွန်ခဲ့တဲ့ရာစုနှစ် အတော်လေး အတွင်း

2:59 အလှတရားကို ကျွန်မတို့တွေ ဇီဝနည်းကျကျ လျာထားခံရပြီး

3:03 အားကျခဲ့ရတဲ့ ကျန်းမာမှု၊ ငယ်ရွယ်မှု နဲ့ အချိုးကျမှုတင်မကပါဘူး

3:08 ရှည်လျားပိန်သွယ်ခြင်း နဲ့ မိန်းမဆန်ခြင်းရယ်

3:11 အသားရေဖြူခြင်းတို့ကိုပါ အလှတရားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

3:15 ဒါကတော့ ကျွန်မအတွက်ဖြစ်တည်လာတဲ့

3:17 ကျွန်မဆက်ခံရရှိလာတဲ့ မျိုးရိုးအမွေဖြစ်ပါတယ်။

3:19 ပရိတ်သတ်ထဲကတစ်ချို့တွေကတော့ ဒါနဲ့ပတ်သတ်ပြီး

3:21 သံသယဖြစ်ကြမယ်ဆိုတာ ကျွန်မသိပါတယ်။

3:23 ပြီးရင် တစ်ချို့ဖက်ရှင်ပညာရှင်တွေ ပြောကြမှပေါ့။

3:25 "နေပါဦး။ Naomi. Tyra. Joan Smalls. Liu Wen။"

3:28 ပထမဆုံး ရှင်တို့ရဲ့ မော်ဒယ်အသိပညာကို ချီးကျူးပါရစေ။ အထင်ကြီးလောက်ပါတယ်။

3:31 (ရယ်သံများ)

3:33 ဒါပေမဲ့ ကံမကောင်းစွာဘဲ ရှင်တို့ကို အသိပေးခြင်းတာက ၂၀၀၇ မှာ

3:36 အလွန်တက်ကြွတဲ့ NYU ပါရဂူ ကျောင်းသား တစ်ယောက်က

3:38 ဖက်ရှင်လျှောက်လမ်းပေါ်က မော်ဒယ်တွေ အားလုံးကို ရေတွက်ကြည့်လိုက်ပါတယ်။

3:41 ခန့်အပ်ထားတဲ့ တစ်ယောက်ချင်းစီကိုပေါ့။

3:43 အဲဒီ ခန့်အပ်ထားတဲ့ ၆၇၇ ယောက်ထဲမှာ

3:46 ၂၇ယောက် ၄%အောက်က လူဖြူမဟုတ်ပါဘူး။

3:50 လူတွေမေးနေကျ နောက်မေးခွန်းတစ်ခုကတော့

3:52 "ကျွန်မကြီးလာရင် မော်ဒယ်လုပ်လို့ရလား"ပါ။

3:54 ပထမအဖြေကတော့ "မသိပါဘူး၊ ဒါကိုကြီးကြပ်ဖို့ ကျွန်မကို ခန့်အပ်ထားတာမဟုတ်ပါဘူး။"

3:58 ဒါပေမဲ့ ဒုတိယအဖြေ

3:59 ဒီကောင်မလေးတွေကိုပြောချင်တာက

4:02 "ဘာလို့လဲ။ မင်းသိလား။ မင်းဘာမဆိုဖြစ်နိုင်ဘဲလေ။

4:04 မင်း အမေရိကန်သမ္မတဖြစ်နိုင်တယ်၊

4:06 ဒါမှမဟုတ် အင်တာနက်ဒုတိယတီထွင်ရှင်

4:08 ဒါမှမဟုတ် ရင်ခေါင်းခွဲစိတ်တဲ့ နင်ဂျာကဗျာဆရာတစ်ယောက်

4:10 အဲဒါကတော့ပိုကောင်းတာပေါ့ ဘာလို့လဲဆိုတော့ မင်းက ပထမဦးဆုံးဖြစ်မှာလေ။"

4:13 (ရယ်သံများ)

4:15 ဒီအံဖွယ်စာရင်းတွေကြားပြီးတာတောင်မှ သူတို့က ပြောမယ်ပေါ့

4:17 "မရဘူး မရဘူး ကင်မရွန်၊ ကျွန်မ မော်ဒယ်ဘဲဖြစ်ချင်တယ်။"

4:19 ဒါဆိုရင် ကျွန်မကပြောမှာပေါ့ "မင်းဘာသာဆုံးဖြတ်။"

4:21 ဘာလို့လဲဆိုတော့ ကျွန်မက ဘယ်အရာကိုမှ မကြီးကြပ်ဘူးလေ။

4:23 ရှင်က American Vogue ရဲ့ ခေါင်းဆောင်တည်းဖြတ်သူ

4:25 ဒါမှမဟုတ် H&M ရဲ့ CEO ဒါမှမဟုတ် ဒုတိယSteven Meisel ဖြစ်နိုင်ပါတယ်။

4:28 ရှင်ကြီးလာရင် မော်ဒယ်ဖြစ်ချင်တယ်လို့ ပြောတာဟာ

4:30 ကြီးလာရင် Powerball ထီပေါက်ချင်တယ်လို့ ပြောတာနဲ့တူပါတယ်။

4:34 အဲဒါကို ရှင်ထိန်းချုပ်မလို့ရဘူးလေ။ မိုက်လည်းမိုက်တယ်။

4:37 ပြီးရင် အလုပ်အကိုင်လည်းမဟုတ်ဘူး။

4:39 အခု ရှင်တို့ကို ကျွန်မရဲ့ ဆယ်နှစ်တာ မော်ဒယ်အတွေ့အကြုံကို တင်ပြပါမယ်။

4:43 ဘာလို့လဲဆိုတော့ ရင်ခေါင်း ခွဲစိတ်ဆရာဝန်တွေနဲ့ မတူတာက

4:45 ဒါက ခုဘဲ ထုတ်နုတ်တင်ပြလို့ရတယ်လေ။

4:48 တကယ်လို့ ဓာတ်ပုံဆရာက အဲမှာရှိတယ်။

4:51 မီးကအဲနားလေးမှာ HMI မီးလို့ပေါ့။

4:53 ဖောက်သည်က "လမ်းလျှောက်တဲ့ ပုံလေးလိုချင်တယ်" လို့ပြောရင်၊

4:55 ဒီခြေထောက်ကအရှေ့လှမ်းမယ် ရှည်ရှည်သွယ်သွယ်လေး၊ ဒီလက်မောင်း နောက်လွဲ၊ ဒီလက်မောင်း ရှေ့ကိုပေါ့။

4:58 ခေါင်းက လေးပုံသုံးပုံလောက်စောင်းလိုက်။ ပြီးရင်ရှေ့သွားနောက်ပြန်

5:01 အဲဒါကိုသာလုပ်လိုက်၊ ပြီးရင် စိတ်ကူးထဲက သူငယ်ချင်းကိုလှည့်ကြည့်လိုက်ပေါ့။

5:03 အကြိမ် ၃၀၀၊ ၄၀၀ ၊ ၅၀၀ လောက်။

5:06 (ရယ်သံများ)

5:08 ဒါလေးနဲ့တူပါလိမ့်မယ်။

5:10 (ရယ်သံများ)

5:12 အလယ်ကပုံလောက် ဟန်မပျက်ဘူးလို့ မျှော်လင့်ပါတယ်။

5:15 အဲဒီမှာဘာတွေဖြစ်ခဲ့လဲတော့မသိဘူး။

5:17 ကံမကောင်းတာက ရှင်က ကျောင်းလည်းပြီးပြီ။

5:19 ကိုယ်ရေးအကျဉ်းလည်း ဖြည့်ပြီးပြီ။ အလုပ်အချို့ လုပ်ပြီးပြီဆိုရင်

5:22 ရှင် ဘာဆိုဘာကို မှပြောလို့မရတော့ပါဘူး။

5:24 တကယ်လို့ရှင်က အမေရိကန်သမ္မတဖြစ်ချင်တယ်

5:27 ကိုယ့်ရေးအကျဉ်းမှာက အတွင်းခံမော်ဒယ် အတွေ့အကြုံ - ၁၀နှစ်၊

5:29 လူတွေက ရှင်ကို အံသြစွာဘဲ ကြည့်ကြပါလိမ့်မယ်။

5:31 နောက်မေးခွန်းက "သူတို့ ဓာတ်ပုံအားလုံးကို ပြုပြင်လား"ပါ။

5:33 ဟုတ်ပါတယ်။ သူတို့တွေ ဓာတ်ပုံအားလုံး ပြန်ပြုပြင်ခဲ့တယ်။

5:35 ဒါပေမဲ့ အဲဒါက ဖြစ်ပျက်နေတာရဲ့ တစ်စိတ်တစ်ပိုင်းလေးဘဲ ရှိပါသေးတယ်။

5:39 ဒီပုံကတော့ ပထမဆုံး ရိုက်ခဲ့တဲ့ကျွန်မပုံပါ။

5:42 ပြီးတော့ကျွန်မ ပထမဆုံးအကြိမ် ရေကူးဝတ်စုံဝတ်တာလည်းဖြစ်ပါတယ်။

5:44 ပြီးရင် ရာသီတောင်မလာသေးပါဘူး။

5:46 ကိုယ်ရေးကိုယ်တာ ပါလာတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မ အသက်ငယ်ပါသေးတယ်။

5:49 ဒါကတော့ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကျွန်မနဲ့ကျွန်မအဘွားပုံပါ။

5:54 ဒီပုံနှစ်ပုံကတော့ တစ်ရက်တည်းမှာ ရိုက်ထားတာပါ။

5:56 ကျွန်မသူငယ်ချင်းလည်းလာပါတယ်။

5:57 ဒါတော့ French Vogue အတွက် မရိုက်ခင် ရက်ပိုင်းတုန်းက ညအိပ်ဝတ်ပါတီပွဲမှာပါ။

6:01 ဒါကတော့ ဘောလုံးအသင်းနဲ့ V မဂ္ဂဇင်းမှာပေါ့။

6:06 ဒါကတော့ လက်တလောရိုက်ထားတာပါ။

6:07 ဒီပုံတွေက ကျွန်မမဟုတ်ဘူးဆိုတာ

6:09 ရှင်တို့မြင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။

6:11 သူတို့က တည်ဆောက်ထားတာတွေဖြစ်ပါတယ်။

6:13 သူတို့က ကျွမ်းကျင်အတတ်ပညာရှင်တွေ

6:16 ဆံသပညာရှင်၊ မိတ်ကပ်ပညာရှင် နဲ့ ဓာတ်ပုံပညာရှင် နဲ့ ဒီဇိုင်းပညာရှင်

6:19 လက်ထောက်တွေရဲ့ မထုတ်လုပ်ခင်နဲ့ ထုတ်လုပ်ပြီး တည်ဆောက်မှုတွေပါ။

6:22 သူတို့ ဒါကို တည်ဆောက်ထားတာပါ။

6:23 အဲဒါ ကျွန်မမဟုတ်ပါဘူး။

6:24 ကောင်းပြီ။ လူတွေ မေးတက်တဲ့ နောက်မေးခွန်းတစ်ခုကတော

6:27 "သင် လက်ဆောင်ပစ္စည်းတွေ အလကားရလား။" ပါ။

6:28 (ရယ်သံများ)

6:29 ကျွန်မ မှာ ဘယ်တော့မှစီးခွင့်မရတဲ့ ၈လက်မ ဒေါက်မြင့်တွေအများကြီးပါ။

6:32 စောစောတုန်းကဟာတော့ မပါဘူးပေါ့။

6:34 ဒါပေမဲ့ ကျွန်မ အလကားရတဲ့ အရာတွေက တကယ့်ဘဝမှာ အလကားရတဲ့အရာတွေဖြစ်ပါတယ်။

6:37 အဲဒါတွေက ကျွန်မတို့မပြောချင်တဲ့ အရာတွေလည်းဖြစ်ပါတယ်။

6:40 ကျွန်မက Cambridge မှာ ကြီးပြင်းတာပါ။

6:41 တစ်နေ့ ကုန်စုံဆိုင်ကိုသွားတော့ ကျွန်မပိုက်ဆံ မေ့ကျန်ခဲ့ပါတယ်။

6:43 ဒါပေမဲ့ ကျွန်မ ဝတ်စုံကိုအလကားရခဲ့ပါတယ်။

6:46 ကျွန်မဆယ်ကျော်သက်တုန်းက ကားမောင်းကြမ်းတဲ့ ကျွန်မသူငယ်ချင်းနဲ့ကားစီးနေတာပါ။

6:49 သူက မီးနီကိုကျော်ပြီး မောင်းမိတဲ့အတွက်

6:51 အတားခံလိုက်ရပါတယ်။

6:52 နောက်ဆုံး "တောင်းပန်ပါတယ်။ ဆရာ" လို့ ပြောပြီး ပြန်မောင်းထွက်လာခဲ့ပါတယ်။

6:57 ဒါတွေကို ကျွန်မဘယ်သူလဲဆိုတာထက် ကျွန်မရုပ်ရည်ကြောင့် အလကားရတာပါ။

7:01 ဒါပေမဲ့ လူတွေက သူတို့ဘယ်သူလဲဆိုတာထက်

7:03 သူတို့ရုပ်ရည်ကြောင့် တန်ကြေးတွေ ပေးနေရတယ်လေ။

7:05 ကျွန်မ နယူးယောက်မှာ နေတာပါ။ ပြီးခဲ့နှစ်က

7:07 အဖမ်းခံပြီးအစစ်ဆေးခံလိုက်ရတဲ့ ဆယ်ကျော်သက် ၁၄၄၀၀၀ ယောက် ထဲက

7:11 ၈၆%က လက်တင်နဲ့လူမည်းကလေးတွေဖြစ်ပါတယ်။ သူတို့တွေအများစုက လူငယ်တွေပါ။

7:15 နယူးယောက်မှာက လူမည်းနဲ့ လက်တင်လူငယ်တွေ ၁၇၇၀၀၀ သာရှိတာပါ။

7:19 ဒါကြောင့် သူတို့အတွက်ကတော့ "ငါအဖမ်းခံရမလား"ဆိုတာထက်

7:22 "ငါ ဘယ်နှစ်ကြိမ် အဖမ်းခံရမလဲ" "ဘယ်အချိန် အဖမ်းခံရမလဲ" က တကယ့်မေးခွန်းတွေပါ။

7:25 ကျွန်မ ဒီဟောပြောပွဲအတွက် လေ့လာနေတုန်း

7:27 အမေရိကန်မှာ အသက် ၁၃ နှစ် မိန်းကလေးတွေထဲမှာမှ

7:30 ၅၃%က သူတို့ခန္ဓာကိုယ်ကို မနှစ်သက်ကြပါဘူးဆိုတာ သိရှိလိုက်ရပါတယ်။

7:33 အဲအရေအတွက် သူတို့ ၁၇နှစ် ရောက်တဲ့အချိန် ၇၈%အထိ မြင့်တက်သွားပါတယ်။

7:37 နောက်ဆုံးမေးခွန်းကတော့

7:40 "မော်ဒယ်တစ်ယောက် ဖြစ်တာဘယ်လိုပါလဲ" ပါ။

7:41 ကျွန်မထင်တာတော့ သူတို့လိုချင်တဲ့အဖြေက

7:44 "တကယ်လို့ သင်က နည်းနည်းပိုပိန်မယ် ဆံပင်က ပိုတောက်ပမယ်ဆိုရင်

7:47 တော်တော်ပျော်ပြီး ဝမ်းသာမယ်ပေါ့။"

7:49 ကျွန်မတို့ စင်နောက်ဘက်ရောက်ရင်

7:51 ဒီလိုအဖြေမျိုး ပေးတက်ကြပါတယ်။

7:54 "ခရီးထွက်ရတာကောင်းပါတယ် ပြီးရင် စိတ်အားထက်သန် တက်ကြွပြီး

7:57 ထိုးထွင်းဉာဏ်ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ရတဲ့လည်း ကောင်းပါတယ်။"ပေါ့။

8:00 ဒါတွေက မှန်တယ်ဆိုပေမဲ့လည်း တကယ့်အဖြေရဲ့ တစ်ဝက်ဘဲရှိပါသေးတယ်။

8:03 ဘာလို့လဲဆိုတော့ ကျွန်မတို့ ကင်မရာရှေ့မှာ

8:05 ကျွန်မ ကင်မရာရှေ့မှာ ဘယ်တော့မှ မပြောတာက

8:08 "ကျွန်မ စိတ်မလုံခြုံပါဘူး" ဖြစ်ပါတယ်။

8:10 ဘာလို့လဲဆိုတော့ နေ့တိုင်း ကျွန်မကြည့်ရတာ ဘယ်လို့လဲဆိုတာကို စဉ်းစားနေရလို့ပါ။

8:15 တကယ့်လို့ ရှင်က

8:18 "ငါသာ သွယ်လျတဲ့ပေါင်တံ တောက်ပတဲ့ဆံပင်ကို ပိုင်ဆိုင်ခဲ့ရင် ပိုပျော်မလား" သိချင်ရင်

8:22 ရှင်က မော်ဒယ်အုပ်စုတစ်စုကို တွေ့ဆုံဖို့ဘဲလိုတာပါ။

8:24 သူတို့က အပိန်သွယ်ဆုံးပေါင်တံ၊ အတောက်ပဆုံး ဆံပင် နဲ့ အမိုက်စားဝတ်စုံ ကိုပိုင်ကြတယ်လေ

8:27 သူတို့က ကမ္ဘာပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

8:32 ကျွန်မ ဒီဟောပြောပွဲအတွက် စာရေးနေတုန်း

8:33 ရိုးသားတဲ့ မျှခြေထိန်းသိမ်းဖို့ ခက်ခဲတယ်ဆိုတာ သတိထားမိပါတယ်။

8:36 ဘာလို့လဲဆိုတော့ တစ်ဖက်မှာ

8:38 ဒီကိုလာပြီး "ကြည့်ပါဦး ကျွန်မ ဒီကောင်းကျိုးတွေကို

8:40 အံဆွဲတစ်ခုထဲက ရခဲ့တာပါ"လို့ ပြောရင် စိတ်မလုံမလဲ ဖြစ်မှာပါ။

8:44 ပြီးရင်အဲဒါကြောင့်လည်း ကျွန်မအမြဲတမ်းမပျော်ပါဘူး

8:47 ဆက်ပြောဖို့ဆိုတာလည်း မလွယ်လှပါဘူး။

8:49 ဒါပေမဲ့ ကျွန်မက အကျိုးခံစားရသူ တစ်ယောက်ဖြစ်နေတဲ့အချိန်မှာ

8:54 ကျားမဆိုင်ရာနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို ဖြေဖျောက်ဖို့ဆိုတာ အခက်ခဲဆုံးပါ။

8:59 ဒါပေမဲ့ ကျွန်မဒီမှာ တက်ခွင့်ရတဲ့အတွက် ပျော်ပါတယ် ဂုဏ်ယူပါတယ်။

9:01 ဒီကို လာခွင့်ရတဲ့အတွက် ကောင်းတယ်လို့ ကျွန်မထင်ပါတယ်။

9:04 နှစ် ၁၀၊ ၂၀ နှင့် ၃၀ မကုန်ခင်လေးနဲ့ ကျွန်မ အလုပ်ထဲမှာ ကုမ္ပဏီတွေပိုမရခင်လေးပေါ့။

9:08 ဘာလို့လဲဆိုတော့ အဲကျရင် ကျွန်မ ပထမအလုပ် ဘယ်လို့ရခဲ့လဲဆိုတာကို ပြောတော့မှာမဟုတ်ဘူးလေ။

9:11 ကျွန်မ ကောလိပ်အတွက် ငွေဘယ်လို့ရှာခဲ့တယ် ဆိုတာ ပြောတော့မဟုတ်ဘူးလေ။

9:14 ဒါတွေက အရမ်းအရေးကြီးတဲ့အရာတွေကိုး။

9:17 ဒီဟောပြောပွဲအတွက် ရစေချင်တဲ့အနှစ်သာရကတော

9:19 ကျွန်မတို့ အားလုံး နားလည်ထားတဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ်

9:22 ရုပ်ပုံတွေရဲ့အစွမ်း ကို အသိမှတ်ပြုဖို့

9:26 သက်တောင့်သက်သာ ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

9:28 ကျေးဇူးတင်ပါတယ်။

9:30 (လက်ခုပ်သံများ)

Study with Looplines Download Captions Watch on YouTube